ချင်းပြည်နယ်အပါအဝင် ဝေးလံခေါင်ပါးဒေသများရှိ ကျေးရွာများတွင် မူလတန်းကျောင်းများ ဖွင့်လှစ်ပေးရန် မင်းတပ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြောခဲ့ပါတယ်။
သြဂုတ်လ ၁၃ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ အမျိုးသားပညာရေး မူဝါဒ ကော်မရှင်ရဲ့ ၆လတာကာလ လုပ်ငန်းဆောင်ရွက်ခဲ့မှု အစီရင်ခံစာကို ဆွေးနွေးရာမှာပြောခဲ့တာဖြစ်ပါတယ်။
ကော်မရှင်ရဲ့ အစီရင်ခံစာထဲမှာ ချင်းပြည်နယ်အတွင်း မူလတန်းကျောင်းပေါင်း ၈၂၅ ကျောင်းရှိပြီး ကျောင်းသား ဦးရေ ၁ဝဦး ကနေ ၂ဝဦး ကြားမှာရှိတဲ့ ကျောင်းပေါင်းက ၃၁၂ ကျောင်းရှိတယ်လို့ ဖော်ပြထားပါတယ်။
အမျိုးသားပညာရေး မူဝါဒ ကော်မရှင် ရဲ့ ၆လတာကာလ လုပ်ငန်းဆောင်ရွက်ခဲ့မှု အစီရင်ခံစာနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးပြီးနောက် လာမယ့် သြဂုတ်လ ၁၉ ရက်နေ့ ပြည်ထောင်စု လွှတ် တော်အစည်းအဝေးမှာ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ပြန်လည်ရှင်းလင်းမှာ ဖြစ်ပါတယ်။
ရိုက်ကူး - အောင်မြတ်သူ