သြဂုတ် ၁၃ ။ ။ အီဘိုလာ ကူးစက်ရောဂါကိုတော့ များမကြာခင် အချိန်တစ်ခုအတွင်း အရှင်းပျောက်အောင် ကုသသွားနိုင်မယ့် အနေအထားမှာ ရှိနေတယ်လို့ သိရပါတယ်။
ယခုအခါ ယင်း အီဘိုလာဆေးဝါး နှစ်မျိုးကို စမ်းသပ်ခဲ့ရာမှာ ယင်းက လူနာတွေရဲ့ အသက်ရှင်နိုင်ခြေနှုန်းကို သိသိသာသာ ပိုမြင့်တက်စေတာကို သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
အီဘိုလာ ကုသနိုင်မယ့် ဆေးဝါး လေးမျိုးကို ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံမှာ လူနာတွေကို စမ်းသပ်ခဲ့တာဖြစ်ပါတယ်။ ယင်း နိုင်ငံမှာတော့ အဆိုပါ ဗိုင်းရပ်စ် အဓိက ဖြစ်ပွားနေပါတယ်။
ယင်း စမ်းသပ်မှုတွေမှာတော့ ဆေးဝါး လေးမျိုးအနက် နှစ်ခုကတော့ ရောဂါကုသရာမှာ ပိုမိုထိရောက်တာကို တွေ့ရှိရတယ်လို့ ယခု သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်မှာတွေ့ရှိခဲ့ရပါတယ်။
ဒီဆေးဝါးတွေကိုတော့ ကွန်ဂိုက အီဘိုလာ ဝေဒနာရှင်အားလုံးကို ကုသရာမှာ အသုံးပြုသွားမယ်လို့လည်း သိရပါတယ်။