မြန်မာနိုင်ငံက စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ စီးပွားရေး ချိတ်ဆက်လုပ်ဆောင်နေမှုတွေကို အဆက်ဖြတ်ဖို့ စီးပွားရေးလုပ်ငန်းရှင််တွေကို ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး မစ်ရှင်တစ်ရပ်က တောင်းဆိုလိုက်ပြီးနောက်မှာ ဘယ်လ်ဂျီယံ ကုမ္ပဏီတစ်ခုဟာ မြန်မာ စစ်တပ်နဲ့ ပတ်သက်ဆက််ဆံနေမှုကို အဆက်ဖြတ်ပြီလို့ ဦးဆုံး ကြေညာလာကြောင််း VOA သတင်းက ဖော်ပြပါတယ်။
ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Newtec ဟာ ကုလသမဂ္ဂရဲ့ တောင်းဆိုချက်ကို လိုက်နာပြီး စစ်အုပ်စု တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်တဲ့ ပြည်တွင်း မိုဘိုင်းအော်ပရေတာ Mytel နဲ့ စီးပွားရေးဆက်ဆံမှုကို ရပ်တန့််မှာဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်တာပါ။
ခုလို Newtec ကုမ္ပဏီက ကြေညာတာနဲ့ ပတ်သက်ပြီး Mytel ကို ဆက်သွယ်မေးမြန်းပေမယ့် တုံ့ပြန််မှု မရှိကြောင်း VOA က ဖော်ပြခဲ့ပါတယ်။