တောင်ကိုရီးယားတွင် မားစ်ရောဂါကင်းစင်ပြီဆိုကာ ဆေးရုံဆင်းခွင့်ရသည့် အမျိုးသားတစ်ဦး ကိုးရက်အကြာတွင် ရောဂါပြန်လည်ပေါ်ပေါက်လာကြောင်း အာဏာပိုင်များက ပြောသည်။
အသက် ၃၅ နှစ်ရှိ ယင်းအမျိုးသားသည် ကိုယ်အပူချိန်အရမ်တက်၍ ဆိုးလ်အမျိုးသားတက္ကသိုလ်ဆေးရုံသို့ အောက်တိုဘာ ၁၁ ရက်က ပြန်လည်တက်ရောက်လာရကြောင်း ကျန်းမာရေးနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက ပြောသည်။
အောက်တိုဘာအစောပိုင်းက ရောဂါကူးစက်ခြင်းမရှိတော့ဟု စမ်းသပ်တွေ့ရှိပြီးနောက် ဆေးရုံမှ ဆင်းခိုင်းလိုက်သည့် ယင်းအမျိုးသားက ပထမဆုံးရောဂါဖြင့် ဆေးရုံပြန်တက်ရောက်လာရသည့် လူနာဖြစ်ခဲ့သည်။
ယင်းလူနာနှင့် ထိတွေ့ခဲ့သူပေါင်းမှာ ဆရာဝန်များ၊ မိသားစုများအပါအဝင် ၁၀၀ ကျော်ထက်မနည်းရှိကြောင်း၊ လက်ရှိတွင် ရောဂါခြေချုပ်ဖြင့် ထားရှိထားကြောင်း ဝန်ကြီးဌာနက ပြောသည်။
ယင်းအမျိုးသားရောဂါဖြစ်ပွားမှု မပေါ်ပေါက်မီက တောင်ကိုရီးယားက ဇူလိုင်လမှစကာ နောက်တိုးရောဂါဖြစ်ပွားမှုမရှိတော့ကြောင်း ကြေညာခဲ့ပြီး အောက်တိုဘာ ၂၉ တွင် မားစ်ရောဂါကင်းစင်ပြီဟု နောက်ဆုံးကြေညာနိုင်တော့မည် မျှော်လင့်ထားချိန်ဖြစ်သည်။ သို့သော် ယခုရောဂါဖြစ်ပွားမှုက တောင်ကိုးရီးယားနိုင်ငံအတွက် ပိုမိုခက်ခဲမှုများ ဖြစ်ပေါ်စေလာနိုင်သည်။
တောင်ပိုရီးယားတွင် မေ ၂၀ ရက်မှ စကာ ပထမဆုံး မားစ်ရောဂါ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ ၃၆ ဦးရှိကာ ရောဂါကူးစက်ခဲ့သူ ၁၈၆ ဦးရှိခဲ့သည်။
Ref: CNA