ရန်ကုန်၊ ဇူလိုင်လ ၂၆ ။ ။ မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်ရှိ ဖရဲကျွန်းကျွေးရွာနှင့် ကန်သာကျွန်းကျေးရွာတို့အကြား ရွာမြေ ပိုင်ဆိုင်မှု အငြင်းပွားဖွယ်ရာမှတဆင့်လူသေဆုံးမှုများ ဖြစ်ခဲ့ပြီး ဇူလိုင်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်းအချိန် အထိ အလောင်း ၂၈ လောင်း ပြန်ရှာတွေ့ထားကြောင်း သိရသည်။
- ကနဦးတွေ့ရှိထားသည့် အလောင်းများ၏ ဆေးစာပေါ်မူတည်၍ အမှုပြောင်းလဲဖွင့်လှစ်ရန်ရှိ
- လူအသေအပျောက်များသောပဋိပက္ခ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဘာပြောလဲ
ဇူလိုင်လ ၂၆ ရက်နေ့ နံနက်ပိုင်းအချိန်ခန့်အထိ အလောင်း ၂၄ လောင်းသာတွေ့ရှိထားသော်လည်း ဇူလိုင်လ ၂၆ရက် မွန်းလွဲပိုင်းတွင် ပြုလုပ်သော မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သတင်းစာရှင်းလင်းပွဲတွင် သေဆုံးသူများ၏ အလောင်းများကို ထပ်မံ ရှာတွေ့ခဲ့ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ အဓိကရုဏ်းဖြစ်စဉ်နှင့်အတူ စက်လှေတိမ်းမှောက်မှု ဖြစ်ပေါ်ခဲ့ပြီး စုစုပေါင်းပျောက်ဆုံးသူ ၃၈ ဦး ရှိခဲ့သည်။ လက်ရှိအချိန်ထိ သေဆုံးသူ ၂၈ ဦးကိုရှာဖွေတွေ့ရှိထားပြီး ပျောက်ဆုံးသူ ၁၀ ဦးကို ဆက်လက် ရှာဖွေနေကြောင်း အသက်ရှင် ကျန်ရစ်ခဲ့သူ နှစ်ဦးရှိကြောင်း ကနဦး သတင်းရရှိသည်။