၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ၄၅ ဦး ကော်မတီက တင်သွင်းတဲ့အစီရင်ခံစာ ထောက်ခံပွဲနဲ့ ကန့်ကွက် ဆန္ဒပြပွဲတွေကို ဗုဒ္ဓဟူးနေ့က ရန်ကုန်မြို့၊ မြို့တော်ခမ်းမရှေ့မှာ အပြိုင်အဆိုင် ပြုလုပ်ခဲ့ကြပါတယ်။ ဒီဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ထောက်ခံ၊ ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေကို နှစ်ဘက်စလုံးက ရာနဲ့ချီတဲ့သူတွေ တက်ရောက် ပါဝင်ခဲ့ကြပါတယ်။ ရိုက်တာသတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။