ဇူလိုင် ၁၅ ။ ။ အမေရိကန် ကွန်ဂရက်ရှိ အမျိုးသမီးလွှတ်တော်အမတ်တွေအပေါ် လူမျိုးခွဲခြားတိုက်ခိုက်တဲ့ စကားအသုံးအနှုန်းတွေ ပြောဆိုခဲ့မှုအတွက် သမ္မတ ဒေါ်နယ်ထရမ့် ဝေဖန်ခံနေရတယ်လို့ သိရပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇူလိုင် ၁၄ ရက်မှာ တိုးတက်ပြောင်းလဲရေးဝါဒီ ဒီမိုကရက်တစ် အမျိုးသမီးအမတ်တွေကို ရည်ညွန်းပြီး ၎င်းတို့ မူလ လာခဲ့တဲ့ နေရာတွေဆီ ပြန်သွားကြဖို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
ယင်းမှတ်ချက် စကားကြောင့် အသားအရောင်နဲ့ လူဝင်မှုအပေါ် ၎င်းရဲ့ ထင်မြင်ချက် သဘောထားနဲ့ပတ်သက်လို့ နောက်ထပ် ဝေဖန်ထိုးနှက်မှုတွေ ထွက်ပေါ်လာစေခဲ့ပါတယ်။
ခုလိုမျိုး ထရမ့်ရဲ့ မှတ်ချက်စကားတွေက လူမျိုးခွဲခြားရာ ရောက်ပြီး သူစိမ်းကြောက်မှု လိုမျိုး ဖြစ်နေကြောင်း ဒီမိုကရက်တစ် သမ္မတ ကိုယ်စားလှယ်လောင်းတွေနဲ့ စီနီယာ ဥပဒေပြုအမတ်တွေက ဝေဖန်ပြောဆိုခဲ့ပါတယ်။
တွစ်တာကနေတဆင့် ထရမ့်ရဲ့ ယခု တိုက်ခိုက်ပြောဆိုမှုတွေမှာ ဘယ်သူဘယ်ဝါဆိုပြီး နာမည်တပ်သွားခြင်း မရှိပေမယ့် ကမ္ဘာပေါ်မှာ အဆိုးဆုံး၊ အကျင့်ပျက်ခြအစားဆုံး၊ အသုံးမကျဆုံး သော အစိုးရတွေရှိနေတဲ့ ၎င်းတို့ရဲ့ မူလနိုင်ငံတွေဆီ ပြန်သွားသင့်ကြောင်း ထရမ့်က ရေးသားပြောဆိုထားခဲ့တာဖြစ်ပါတယ်။