၂၀၂ဝခုနှစ် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ သန်း၄ဝကျော်ရှိနိုင်သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်က ပြောသည်။
“၂၀၁၅ခုနှစ်ရွေးကောက်ပွဲမှာ လူဦးရေ ၅၂သန်းကျော်ထဲက မဲပေးပိုင်ခွင့်ရှိသူ ၃၄သန်းကျော် ရှိ ပါတယ်။ ၂၀၁၉ခုနှစ် နှစ်ဆန်းပိုင်းမှာ ကောက်ခံရရှိတဲ့ စာရင်းအရ ၁၈ပြည့်မယ့်သူ ၅သန်းကျော် ရှိတဲ့အတွက် ၂၀၂ဝမှာ မဲပေးပိုင်ခွင့်ရှိသူ သန်း၄ဝကျော်ရှိလာနိုင်ပါတယ်”ဟု ဦးသန်းအောင်က ဆိုသည်။
ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် တိုင်းဒေသကြီးအတွင်းရှိ ပါတီများ၊ ရွေးကောက်ပွဲဆိုင်ရာ ကဏ္ဍအစုံမှ ပါဝင်ပတ်သက်သူများ တွေ့ဆုံ ဆွေးနွေးပွဲကို ဇူလိုင်လ ၁၀ ရက်နေ့က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ရိုက်ကူး- စည်သူမောင်မောင်