မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (၀၇-၀၉-၂၀၁၉)
*****************
အီရန်နိုင်ငံဟာ ၂၀၁၅ နျူကလီးယား သဘောတူစာချုပ်ပါ ကန့်သတ်ချက်ကို ကျော်လွန်ပြီး သန့်စင်ယူရေနီယံ ပမာဏကို တိုးမြှင့် ထုတ်လုပ်နေတယ် ဆိုတာကို ကုလသမဂ္ဂ အနုမြူအေဂျင်စီ IAEA က အတည်ပြု၊ ဂရိနိုင်ငံရဲ့ ဝန်ကြီးချုပ်သစ်အဖြစ် ကွန်ဆားဗေးတစ်ဝါဒီ အတိုက်အခံခေါင်းဆောင် Kyriakos Mitsotakis ကျမ်းသစ္စာကျိန်၊ ကွန်ဂိုသူပုန်ခေါင်းဆောင်ဟောင်း ဘော်စကို တာဂန်းဒါ Bosco Ntaganda ကို စစ်ရာဇဝတ်မှုနဲ့ လူသားထုကိုဆန့်ကျင်တဲ့ ပြစ်မှု ၁၈ မှုနဲ့ အပြစ်ရှိကြောင်း နိုင်ငံတကာ ပြစ်မှုဆိုင်ရာခုံရုံး ICC က စီရင်ချက်ချ စသည့်သတင်းတွေကိုကြည့်ရှူကြရမှာပါ။