အေသင်၊ ဇူလိုင် ၈ ။ ။ ဂရိနိုင်ငံမှာ နိုင်ငံတကာ ကြွေးမြီနွံကနေ ရုန်းထွက်ပြီးနောက် ပထမဆုံး ကျင်းပတဲ့ လွှတ်တော် ရွေးကောက်ပွဲမှာ မဲတစ်စိတ်တစ်ဒေသ ရေတွက်မှုအရ အတိုက်အခံ ကွန်ဆာဗေးတစ်ပါတီက အနိုင်ရနေရာ ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်မှာ ဂရိဝန်ကြီးချုပ် အလက်ဇီစီပရက်စ််က ရွေးကောက်ပွဲမှာ ရှုံးနိမ့်ကြောင်းကို ဝန်ခံလိုက်ပါတယ်။
၆၀ ရာခိုင်နှုန်းနီးပါး မဲရေတွက် အပြီးမှာ အတိုက််အခံ ခေါင်းဆောင် ကိုင််ရီယာကို့စ်ရဲ့ နယူးဒီမိုကရေစီ ပါတီက မဲရလဒ် ၃၉ ဒသမ ၇ ရာခိုင်နှုန်း ရရှိပြီး တီပရက်စ်ရဲ့ ဆိုင်ရီဇာပါတီက ၃၁ ဒသမ ၅ ရာခိုင်နှုန််းပဲ ရရှိထားတာ ဖြစ်ပါတယ်။
အခု မဲရလဒ်ဟာ အနိုင်ရမယ်လို့ ခံယူထားတဲ့ တီပရက်စ်အတွက် ထိုးနှက်ချက်တစ်ရပ်ပဲ ဖြစ်နေပါတယ်။
“ပြည်သူတွေအနေနဲ့ သူတို့ အကြိုက်ကို ရွေးချယ်ကြတာပဲ။ ကျွန်တော်တို့ဟာ ဒီရလဒ်ကို အပြည့်အဝ လေးစားလိုက်နာပါတယ်။”လို့ တီပရက်စ်ပြောပြီး ကိုင်ရီယာကို့စ်ထံလည်း ဂုဏ်ယူကြောင်း ဖုန်းဆက်ချီးမွှမ်းခဲ့တယ်လို့ ဆိုပါတယ်။
“ကျွန်တော်အနေနဲ့ ဂရိပြည်သူတွေကို အာမခံချင်တယ်။ ကျွန်တော်တို့ဟာ ပြည်သူတွေရဲ့ အခွင့်အရေးကို တာဝန်ရှိရှိ ကာကွယ်သွားမယ်။”လို့ ၎င်းက ပြောပါတယ်။
“ကျွန်တော်အနေနဲ့ အနိုင်ရတဲ့ နယူးဒီမိုကရေစီ အစိုးရဟာ လက်တုံ့ပြန်တာတွေ လုပ်ဆောင်လိုက်မှာ မဟုတ်ဘူးလို့ ယုံကြည်မျှော်လင့်ပါမယ်။ ပြည်သူတွေအတွက်် အလုပ်အကျွေးပြုသွားမယ်လို့ မျှော်လင့်နေပါတယ်။”လို့ ၎င်းက ပြောခဲ့ပါတယ်။