အဲဗာတန်အသင်းဟာ ဘာစီလိုနာကွင်းလယ်ကစားသမား အန်ဒရေ ဂိုးမက်စ်ကို ပေါင် (၂၂)သန်းနဲ့ (၅)နှစ် စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီလို့ ပရီးမီးယားလိဂ်ကလပ်က အင်္ဂါနေ့မှာ ကြေညာခဲ့ပါတယ်။
အသက် (၂၄)နှစ်အရွယ်ရှိ ပေါ်တူဂီကွင်းလယူလူ ဂိုမက်စ်ဟာ ပြီးခဲ့တဲ့ ရာသီက အဲဗာတန်အသင်းကို အငှားနဲ့ လာရောက်ကစားခဲ့ပြီးနောက် ယခုအခါ အပြီးသတ်စာချုပ်ခဲ့တာဖြစ်ပါတယ်။
"ကလပ်အသင်းက ကျနော့်ကို စာချုပ်နိုင်ဖို့ ကြိုးစားအားထုတ်ခဲ့တယ်ဆိုတာ ကျနော် သိပါတယ်။ ကျနော် အရမ်းဝမ်းသာပြီး သူတို့ကို ကျေးဇူးတင်ပါတယ်။"လို့ ဂိုမက်စ်က evertontv ကို ပြောခဲ့ပါတယ်။
"ကစားလာခဲ့တဲ့ တစ်နှစ်တာအတွင်းမှာ မိသားစုဝင်တစ်ယောက်လို ခံစားရတယ်။ ဒါဟာ ကျနော့အတွက် အရေးကြီးဆုံး အရာဖြစ်ပါတယ်။
"ပြီးခဲ့တဲ့ နှစ်က ကျနော့်အတွက် အရမ်းကောင်းမွန်တဲ့ အတွေ့အကြုံတွေ ရခဲ့ပါတယ်။ ကျနော်က တစ်ခုခု ထူးကဲကောင်းမွန်တဲ့ အစိတ်အပိုင်းအဖြစ် ခံစာလိုပြီး ဒီနေရာမှာ ဒါကို ရှာဖွေတွေ့ခဲ့တယ်။ ဒါဟာ ကျနော့်အတွက် ကောင်းမွန်တဲ့ အခိုက်အတန့်လေးပါ။ အဲဗာတန်နဲ့ စာချုပ်ချုပ်ဆိုခဲ့အပြီး ဒါကပဲ ပိုကောင်းလာပါတယ်။
အန်ဒရေဂိုးမက်စ်ဟာ ပြီးခဲ့တဲ့ ၂၀၁၈-၁၉ ရာသီက အဲဗာတန်အသင်းအတွက် ပြိုင်ပွဲစုံ (၂၉)ပွဲအထိ ပါဝင်ကစားခဲ့ပြီး ခြေစွမ်းပြကစားနိုင်ခဲ့သူဖြစ်ပါတယ်။
- ပြောင်းအရွှေ့နောက်ဆုံးနေ့မှာ ယာရီမီနာ၊ အန်ဒရေဂိုးမက်စ်နဲ့ ဘားနက်တို့ကို ခေါ်ယူနိုင်ခဲ့တဲ့ အဲဗာတန်အသင်း
- ဗလင်စီယာ ကွင်းလယ်ကစားသမား ဂိုမက်စ်ကို ဘာစီလိုနာက ပေါင် (၄၁) သန်းဖြင့် ခေါ်ယူ
သူဟာ ယူရို ၂၀၁၆ ချန်ပီယံဖြစ်ခဲ့တဲ့ ပေါ်တူဂီအသင်းမှာ ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။
အန်ဒရေဂိုးမက်စ်ဟာ ၂၀၁၆ ခုနှစ် နွေရာသီက ဗလင်စီယာအသင်းမှ ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး ပွဲပေါင်း (၇၂)ပွဲ ကစားခဲ့ပါတယ်။
(AFP)