ဘင်္ဂလားဒေ့ရှ်မှာ တံတားကျိုးကျပြီး ရထားတစ်စင်း တူးမြောင်းထဲ ထိုးကျ၍ လူ ၄ ဦးသေပြီး ရာနဲ့ချီ ဒဏ်ရာရ

ဘင်္ဂလားဒေ့ရှ်မှာ တံတားကျိုးကျပြီး ရထားတစ်စင်း တူးမြောင်းထဲ ထိုးကျ၍ လူ ၄ ဦးသေပြီး ရာနဲ့ချီ ဒဏ်ရာရ

ဇွန် ၂၄ ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တံတားတစ်စင်း ကျိုးကျလို့ ယင်းအပေါ်ကနေ ဖြတ်သန်းခုတ်မောင်းတဲ့ ရထားတစ်စင်း တူးမြောင်းထဲ ထိုးကျမှု ဖြစ်စဉ်တစ်ရပ် ဇွန်လ ၂၄ ရက်က ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

ယင်းဖြစ်စဉ်မှာ သေဆုံးသူ လေးဦး ရှိပြီး လူ ၁၀၀ ကျော် ထိခိုက်ဒဏ်ရာတွေ ရသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

တာဝန်ရှိသူတွေရဲ့  အဆိုအရ အမြန်ရထားတစ်စင်း တံတားပေါ် ဖြတ်သန်းစဉ် တံတားအပိုင်းတစ်ခု ကျိုးကျခဲ့တာဖြစ်ကြောင်း၊ ယင်းနောက် ရထားတွဲ ငါးတွဲ တိမ်းမှောက်ခဲ့ပြီး၊ တွဲတစ်တွဲကတော့ ရေထဲ ကျသွားကြောင်း ဆိုထားပါတယ်။

ဒါကာမြို့နဲ့ ကီလိုမီတာ ၃၀၀ အကွာမှာ ရှိတဲ့ ကယ်လော်ရာ ဒေသမှာ ဖြစ်ခဲ့တဲ့ ယခုဖြစ်စဉ်မှာ လူရာပေါင်းများစွာ ပိတ်မိနေခဲ့ကြောင်း သိရပါတယ်။

ယင်းနောက် ရထားတွဲတွေထဲကနေ သေဆုံးသူ အလောင်းတွေရော၊ အခြား ပိတ်မိ ဒဏ်ရာရရှိသူတွေကိုပါ မီးသတ်နဲ့ ရဲတပ်ဖွဲ့ ပူးပေါင်း သယ်ထုတ်ခဲ့ရတယ်လို့ သိရပါတယ်။

ယခုဖြစ်စဉ်ကြောင့် ဒါကာ နဲ့ နိုင်ငံအရှေ့မြောက်ခြမ်းအကြား ပြေးဆွဲတဲ့ ရထားခရီးစဉ်တွေကို ရပ်ဆိုင်းထားခဲ့ရကြောင်း သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာတော့ ရထားသံလမ်းတွေ ကြံ့ခိုင်မှု အားနည်းခြင်း၊ အချက်ပြီးစနစ် ချို့ယွင်းမှုဖြစ်ပေါ်ခြင်းတို့ကြောင့် ခုလို ရထားမတော်တဆမှုတွေက မကြာခဏ ဖြစ်နေတယ်လို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly