အင်ဒိုနီးရှားတွင် ပြင်းအား ၇ ဒသမ ၃ အဆင့်ရှိ အားပြင်းငလျင် လှုပ်

အင်ဒိုနီးရှားတွင် ပြင်းအား ၇ ဒသမ ၃ အဆင့်ရှိ အားပြင်းငလျင် လှုပ်

ဇွန် ၂၄ ။            ။ အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းမှာ ဇွန်လ ၂၄ ရက်က ပြင်းအား ၇ ဒသမ ၃ အဆင့်ရှိ အားပြင်း ငလျင်တစ်ခု လှုပ်သွားခဲ့ကြောင်း အမေရိကန် မြေငလျင်ပညာရှင်တွေက ပြောပါတယ်။

ငလျင်လှုပ်ပြီးနောက် ဆူနာမီ သတိပေးချက် ထုတ်ပြန်ခြင်း မရှိသလို လက်တလော ထိခိုက်၊ သေဆုံး၊ ပျက်စီး မှု သတင်းတွေလည်း ထွက်ပေါ်လာခြင်း မရှိပါဘူး။

ယင်း ငလျင်ဟာ အမ်ဘွန်ကျွန်း တောင်ပိုင်း ဘန်ဒါပင်လယ်ပြင်တွင်း ပင်လယ်ရေမျက်နှာပြင်အောက် ၂၀၈ ကီလိုမီတာ (၁၂၉ မိုင်) အနက်တွင် လှုပ်သွားခြင်း ဖြစ်ကြောင်း အမေရိကန် ဘူမိ လေ့လာရေး အဖွဲ့က ပြောပါတယ်။

ငလျင်ဟာ နက်ရှိုင်းလွန်းခဲ့ပြီး ဆူနာမီ အန္တရာယ် မဖြစ်ပေါ်ခဲ့ဟု ပစိဖိတ် ဆူနာမီ သတိပေးရေး စင်တာက ပြောပါတယ်။

ဒါဟာ ယင်းနိုင်ငံ အရှေ့ပိုင်း ပါပူဝါပြည်နယ်မှာ ပြင်းအား ၆ ဒသမ ၁ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ပြီးနောက် ယခု အားပြင်းငလျင် ထပ်လှုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly