မသန်ပေမဲ့လည်း စွမ်းပါတယ်ဆိုတဲ့သူတွေကို သေချာလေ့ကျင့်သင်ကြားပေးပြီး ပြုစုပျိုးထောင်ပေးနေတဲ့ နေရာတစ်ခု ရှိပါတယ်။
ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ မြန်မာနိုင်ငံ၊ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ် လေ့ကျင့်ရေးစခန်း ကနေ နိုင်ငံဂုဏ်ဆောင်အားကစားသမားတွေကို ၂၀၀၁ ခုနှစ်မှ စတင်ပြီး မွေးထုတ်ပေးနေတာပါ။
ရေကူးချန်ပီယံ နိုင်ငံကိုယ်စားပြုအားကစားသမား ကိုအောင်မြင့်မြတ်နဲ့ ကိုအောင်ငြိမ်းဦးတို့ကို မဇ္ဈိမ သတင်းထောက် ထွန်းထွန်းဝင်းက သွားရောက်ရိုက်ကူးထားပါတယ်။
ရိုက်ကူး၊တည်းဖြတ်-ထွန်းထွန်းဝင်း