ကိုလံဘီယာနှင့် ဗင်နီဇွဲလားအကြားက နယ်စပ်ဂိတ်ကို လေးလကြာ ပိတ်ထားခဲ့ပြီးနောက် ပြီးခဲ့သည့် ဇွန်လ ၈ ရက် ပြန်လည်ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။
ယင်းအတွက်ကြောင့် ထောင်သောင်းချီသော ဗင်နီဇွဲလားပြည်သူများသည် အခြေခံစားကုန်များနှင့် ဆေးဝါးများ ဝယ်ယူစုဆောင်းရန်အတွက် နယ်စပ်ဂိတ်ကို ဖြတ်ပြီး ကိုလံဘီယာနိုင်ငံထဲ အစုလိုက်အပြုံလိုက် ဝင်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/57693
တင်ဆက် - ဖူးအိအိနွယ်