၀ါရှင်တန်၊ ဇွန် ၈ ။ ။ အမေရိကန်နဲ့ ရုရှားနိုင်ငံဟာ အရှေ့တရုတ်ပင်လယ်မှာ ၎င်းတို့ရဲ့ စစ်သင်္ဘောနှစ်စီး တိုက်မိလုနီးပါး ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး ဘေအန္တရာယ်ကြီးတဲ့ ဒီဖြစ်ရပ်အတွက် တစ်နိုင်ငံနဲ့ တစ်နိုင်ငံဟာ အပြန်အလှန် အပြစ်ဖို့နေကြပါတယ်။
မော်စကိုစံတော်ချိန် နံနက် ၆ နာရီ ၃၅ မိနစ်မှာ အမေရိကန် ခရူဇာစစ်သင်္ဘောကြီး USS Chancellorsville ဟာ ရုရှားဖျက်သင်္ဘော Admiral Vinogradov ရဲ့ ရှေ့ကနေ မီတာ ၅၀ လောက်အကွာမှာ ဖြတ်သန်းခုတ်မောင်းသွားတာဖြစ်တယ်လို့ ရုရှား ပစိဖိတ်ရေတပ်စုက အပြစ်ဆိုပါတယ်။
အမေရိကန်စစ်သင်္ဘောကို မတိုက်မိအောင် အရေးပေါ်စီမံမှု လုပ်ဆောင်ခဲ့ရတယ်လို့လည်း ပြောပါတယ်။
ဒါပေမယ့် ဒီဖြစ်ရပ်အတွက် ရုရှားသင်္ဘောမှာတာ တာဝန်ရှိတယ်လို့ အမေရိကန်ဖက်ကလည်း အပြစ်ဆိုပါတယ်။
ရုရှားရဲ့ ဘေးအန္တရာယ်မကင်းဘဲ ပညာရှင််မဆန််တဲ့ လုပ်ရပ်ကြောင့်လို့ အမေရိကန်် အမှတ် ၇ ရေတပ်စု တပ်မမှူး ကလေတန်ဒို့်စ်က ပြောပါတယ်။
ရုရှားရဲ့ ဖျက်သင်္ဘောဟာ အမေရိကန်စစ်သင်္ဘောနဲ့ ဆန့််ကျင်ပြီး ဘေးအန္တရာယ် ဖြစ်သွားနိုင်တဲ့ ခုတ်မောင်းမှုကို လုပ်ဆောင်ခဲ့တာလို့ အပြစ်ဆိုပေမယ့် ရုရှားဖက်က အဲဒီ စွပ်စွဲချက်ကို ငြင်းဆန်ခဲ့ပါတယ်။
ဖိလစ်ပိုင် ပင်လယ်မှာ အမေရိကန်ရဲ့ ခရူဇာစစ်သင်္ဘောရဲ့ ပေ ၅၀ ကနေ ၁၀၀ အတွင်း ရုရှားဖျက်သင်္ဘောက ချည်းကပ်ခုတ်မောင်းလာတာလို့ အမေရိကန်က ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ ရုရှားဖက်က ပြောဆိုရာမှတော့ အရှေ့တရု်ပင်လယ် အရှေ့တောင်ပိုင်းမှာ ဒီဖြစ််ရပ် ဖြစ်ပွားတာဖြစ်ပြီး အမေရိကန် သင်္ဘောက တပ်မှူးတွေဆီ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကန့်ကွက်ကြောင်း မက်ဆေ့ချ် ပေးပို့ခဲ့တယ်လို့လည်း ဖြည့်စွက်ပြောခဲ့ပါတယ်။