လမ်းပေါ်မှာ နေ့စဉ်နဲ့အမျှ သွားလာ လှုပ်ရှားနေကြတဲ့ အမျိုးသမီးတွေ တကယ်ပဲ စိတ်အနှောင့်အယှက် ကင်းကင်းနဲ့ သွားလာနိုင်ကြပါသလား။ အမျိုးသားတွေရဲ့ နှုတ်အားဖြင့် ကိုယ်အမူအရာ အားဖြင့် ထိပါးနှောင့်ယှက်မှုတွေကြောင့် အမျိုးသမီးတွေမှာ နေ့စဉ်နဲ့အမျှ စိတ်မလုံခြုံမှုတွေကို ခံစားနေရပါတယ်။ ဒီလို အမျိုးသမီးတွေကို စနောက်တဲ့အပေါ်မှာ အမျိုးသားတချို့ရဲ့ အမြင်တွေရော အမျိုးသမီးတချို့ရဲ့ အမြင်တွေပါ လိုက်ပြီးမေးကြည့်ထားပါတယ်။