ရာသီစက်ဝန်းအကြောင်းကို ပြောပြခဲ့ပြီးပါပြီ။ ရာသီစက်ဝန်း အကြောင်းကို ဆွေးနွေးခဲ့တဲ့ အချိန်မှာ အရေးကြီးတဲ့ အချက်က ရာသီစက်ဝန်း နှစ်ခုကြား ပထမ ရာသီအပြီး နောက်ထပ် ရာသီ မလာခင် ၁၄ ရက်တိတိအလိုမှာ မျိူးဥကြွေတယ်လို့ ပြောခဲ့တယ်။ မျိုးဥကြွေတဲ့ရက်ကနေ ၂၄ နာရီအတွင်းမှာ ဒီမျိုးဥလေးက သုတ်ပိုးနဲ့ မပေါင်းမိဘူးဆိုရင် သန္ဓေမအောင်ဘူးပေါ့နော်။ ဒီအချက်ကို အခြေခံပြီးတော့ ရာသီလာရက်ကိုမှတ်ပြီးတော့ မျိုးဥကြွေရက်ကို တွက်မယ်။ တွက်ပြီးတော့မှ ရက်ရှောင်တဲ့ နည်းနဲ့ အတူတူနေမယ်ဆိုရင် ဒီနည်းလမ်းကို သုံးပြီးတော့လည်း သားဆက်ခြားနိုင်ပါတယ်။ အပြည့်အစုံကို အောက်က ဗီဒီယိုလေးမှာ ရှုစားကြပါရှင်။