ခွဲခြားဆက်ဆံခံရမှုတွေရှိနေသေးတဲ့ အနာကြီးရောဂါသည်တွေအရေး ဆောင်ရွက်ပေးနိုင်ဖို့ မြန်မာနိုင်ငံ အနာကြီးရောဂါခံစားရသူများအသင်းကို စတင်ဖွဲ့စည်းနေပြီလို့ သိရပါတယ်။
အနာကြီးရောဂါကြောင့် လူတောမတိုးရဲတာ၊ လူမြင်မခံဝံ့တာ၊ ခန္ဓာကိုယ်အစိတ်အပိုင်းဆုံးရှုံးတာတွေအပေါ် ပစ်ပယ်ထားမှုတွေ ရှိနေပြီး သူတို့အနေနဲ့ အများနည်းတူနေထိုင်နိုင်ဖို့ မြို့နယ် ၁ဝ မြို့နယ်က ကိုယ်စားလှယ်တွေနဲ့ အသင်းကို ဖွဲ့စည်းနေတာ ဖြစ်ပါတယ်။
ရိုက်ကူး/တည်းဖြတ် - ဖူးအိအိနွယ်