ထိုင်ဝမ်၊ မေ ၃၁ ။ ။ ထိုင်ဝမ်စစ်တပ်ဟာ နှစ်စဉ် ပြုလုပ်မြဲ ကျည်အစစ်နဲ့ စစ်ရေးလေ့ကျင့်မှုကို မေ ၃၀ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။
တောင်ဖက်ကမ်းခြေကို ရန်သူ့တွေက ကုန်းရေနှစ်သွယ် ထိုးစစ်ဆင်လာတာကို တားဆီးကာကွယ်တဲ့ သဏ္ဍာန်တု စစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ဟန်ကောင်လို့ အမည်ရတဲ့ နှစ်စဉ်ကျင်းပမြဲ ဒီစစ်ရေးလေ့ကျင့်မှုကို တောင်ပိုင်း ပင်တောင်း စီရင်စုမှာ ပြုလုပ်ခဲ့တာပါ။
တိုက်ခိုက်ရေးဂျက်လေယာဉ်တွေရဲ့ လေကြောင်းထိုးစစ်တွေ၊ စစ်သင်္ဘောတွေရဲ့ အမြှောက်ပစ်ကူမှုတွေနဲ့ တပ်ဖွဲ့ဝင်အင်အား သုံးထောင်ကျော်က ကမ်းတက်ခြေကုပ်ယူတဲ့ ရန််သူကို ချေမှုန်းတဲ့ စစ်ဆင်ရေးကို ကျည်စစ်နဲ့ လေ့ကျင့််ကြတာပါ။
ဒီစစ်ရေးလေ့ကျင့်မှုဟာ တရုတ်စစ်တပ်ရဲ့ တိုက်ခိုက်လာတာကို ခုခံတွန်းလှန်တဲ့ အသွင်ယူ စစ်ရေးလေ့ကျင့်မှုလည်း ဖြစ်တယ်လို့ Press TV သတင်းဌာနက ဖော်ပြပါတယ်။
“တရုတ်ကွန်မြူနစ်ပါတီရဲ့ စစ်တပ်ဟာ ဆက်လက်ကြီးထွားနေတယ်။ ပေကျင်းဟာ ဒေသတွင်း တည်ငြိမ်ရေးနဲ့ လုံခြုံရေး ပျက်ပြားအောင်လည်း ကြံရွယ်လုပ်ဆောင်နေတယ်။”လို့ အခု စစ်ရေးလေ့ကျင့်မှုကို ကြီးကြပ်ကွပ်ကဲတဲ့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ယန််တာ့ဖာက ပြောခဲ့ပါတယ်။
ထိုင်ဝမ်နဲ့ တရုတ် တင်းမာနေတဲ့ကြားမှာပဲ ကာကွယ်ရေးဝန််ကြီး ယန်တာ့ဖာက မှတ်ချက်ပြု ပြောကြားတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ လတွေမှာ တရုတ်နိုင်ငံဟာ စစ်သင်္ဘောတွေ၊ ဗုံးကြဲလေယာဉ်တွေနဲ့ ထောက်လှမ်းရေးလေယာဉ်တွေနဲ့အတူ ထိုင်ဝမ်အနီးနားမှာ စစ်ရေးလေ့ကျင့်မှုကြီးတစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။
တရုတ်ရဲ့ အဲဒီ လုပ်ဆောင်ချက်ကို ထိုင်ဝမ်က ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ထားတာလည်း ဖြစ်ပါတယ်။