အာဆီယံနိုင်ငံ (၃) နိုင်ငံက ပူးပေါင်းပြီး ၂၀၂၁ ဖီဖာယူ-၂၁ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပလိုနေတယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က အတည်ပြုပြောဆိုခဲ့ပါတယ်။
၂၀၁၉ ဖီဖာယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကိုတော့ ပိုလန်နိုင်ငံက အိမ်ရှင်အဖြစ် မေလ ၂၃ ရက်နေ့ကနေ ဇွန်လ (၁၅)ရက်နေ့အထိ လက်ခံကျင်းပသွားမှာဖြစ်ပါတယ်။
ဖီဖာအဖွဲ့ချုပ်ဟာ အာရှမှာ အာဆီယံအဖွဲ့မှ နိုင်ငံ (၃)နိုင်ငံက ပူးပေါင်းပြီး အိမ်ရှင်အဖြစ် ကျင်းပလိုကြောင်း ပေးပို့မှုကို လက်ခံရရှိခဲ့တယ်လို့ အာရှဘောလုံးအဖွဲ့ချုပ်က အတည်ပြုခဲ့ပါတယ်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဟာ ထိုင်းဘောလုံးအဖွဲ့ချုပ်နဲ့ ပူးပေါင်းပြီး ၂၀၂၁ ဖီဖာယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှစ်အဖြစ် ပူးတွဲကျင်းပလိုသလို အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်ကလည်း အလားတူ ပူပေါင်းကျင်းလိုတာဖြစ်ပါတယ်။
Three out of five expressions of interest to host #U20WC 2021 are from Asia!https://t.co/OepD3bfVwx
— AFC (@theafcdotcom) May 23, 2019
ဘာရိန်း၊ ဆော်ဒီနဲ့ ယူအေအီးဘောလုံးအဖွဲ့ချုပ်တွေကလည်း ဒီပြိုင်ပွဲကို အရှေ့အလယ်ပိုင်း ကိုယ်စားပြု ပူးတွဲကျင်းပလိုပါတယ်။
ပြိုင်ပွဲကို နောက်ထပ်ပူးတွဲ ကျင်းပလိုတဲ့ နိုင်ငံတွေကတော့ ဘရာဇီးလ်နဲ့ ပီရူးနိုင်ငံတို့ဖြစ်ပါတယ်။
အိမ်ရှင်နိုင်ငံအဖြစ် လျောက်ထားခွင့်ကို သြဂုတ် ၃၀ ရက်နေ့မှာ နောက်ဆုံးလက်ခံသွားမှာဖြစ်ပြီး လက်ခံကျင်းပခွင့်ရရှိနိုင်ငံကို ဖီဖာရဲ့ ၂၀၁၉ စတုတ္ထသုံးလပတ် အစည်းအဝေးမှာ ဆုံးဖြတ်ချက်ကချသွားမှာဖြစ်ပါတယ်။
ဖီဖာယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အာရှတိုက်မှာ (၇)ကြိမ် လက်ခံကျင်းပခဲ့ပြီး နောက်ဆုံးအကြိမ်အဖြစ် ၂၀၁၇ ခုနှစ်မှာ တောင်ကိုရီးယားနိုင်ငံက လက်ခံကျင်းပခဲ့ပါတယ်။
Ref; Fox Sports