မေ ၂၁ ရက်က ပြင်သစ်နိုင်ငံ၊ ကိန်းစ်မြို့တွင် ကျင်းပနေသော ၇၂ ကြိမ်မြောက် ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ဘရက်ပစ်နဲ့ လီယိုနာဒိုတို့ အဓိက ပါဝင်တဲ့ " Once Upon A Time In Hollywood” ရုပ်ရှင်ပြသပွဲသို့ ကမ္ဘာကျော်အနုပညာရှင်များ တက်ရောက်လာခဲ့ပါတယ်။
ယခုနှစ် ကိန်း ရုပ်ရှင်ပွဲတော်ကိုတော့ မေလ ၁၄ ရက်ကနေ မေလ ၂၅ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပြီး နှစ်စဉ် မေလထဲမှာ ပြုလုပ်လေ့ ရှိပြီး ဘာလင်ရုပ်ရှင်ပွဲတော်၊ ဗင်းနစ် ရုပ်ရှင် ပွဲတော်တို့နဲ့အတူ ထင်ရှားတဲ့ ရုပ်ရှင်ပွဲတော်တစ်ခုလည်း ဖြစ်ပါတယ်။