ဘိုကလေးစျေးလမ်းနဲ့ ၄၂ လမ်းကြား နောက်ဖေးလမ်းကြားက အမှိုက်တွေကို မေလဆန်းပိုင်းက စည်ပင်နဲ့ရပ်မိရပ်ဖတွေ ပရဟိလူငယ်တွေ စုပေါင်းပြီး ရှင်းလင်းခဲ့ပါတယ်။
ဒါပေမယ့် ရှင်းလင်းပြီး ရက် ၂၀ လောက်ကြာပြီးတဲ့အခါမှာတော့ စွန့်ပစ်ထားတဲ့ အမှိုက်တွေကို တစ်စ၊ တစ်စ ပြန်လည် တွေ့မြင်လာရပါတယ်။ ဒီနောက်ဖေးလမ်းကြား အမှိုက်ပြဿနာတွေဟာ တစ်နေရာတည်းမှာပဲ ကြုံတွေ့ရတာ မဟုတ်ဘဲ ရန်ကုန်မြို့နေရာအနှံ့မှာ နှစ်စဉ်နှစ်တိုင်းမှာလည်း ဒီလိုဖြစ်ရပ်တွေ ရှိနေပါတယ်။
မြို့တော်စည်ပင်ကလည်း ပရိဟိအဖွဲ့တွေနဲ့ပူးပေါင်းပြီးရှင်းလင်းတာမျိုးရှိသလို မိုးရာသီမှာ ရေတွေမလျှံဖို့ ၊ အမှိုက်တွေ မတစ်ဆို့ဖို့ ကိုလည်း နှစ်စဉ်နှစ်တိုင်း လုပ်ဆောင်နေပေမယ့် နောက်ဖေးလမ်းကြားကအမှိုက်တွေနဲ့ ရေနုတ်မြောင်းတွေထဲက ရေသန့်ဗူးခွံတွေကတော့ ရှိနေဆဲပါပဲ။
ရိုက်ကူး၊တည်းဖြတ်-စိုးသူအောင်