၂၀၁၃ ခုနှစ်က အိုးထရက်ဖို့ဒ်မှ ဂန္တဝင်နည်းပြ ဖာဂူဆန် ထွက်ခွာသွားပြီးနောက်ပိုင်း မန်ချက်စတာယူနိုက်တက်အသင်းဟာ (၆) ရာသီအတွင်း ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေအကြား အိမ်ကွင်းရလဒ် အဆိုးရွားဆုံးအသင်းအဖြစ် ရပ်တည်နေတယ်လို့ သိရပါတယ်။
W2.bet ရဲ့ သုတေသနစစ်သမ်းအရ ၂၀၁၃-၁၄ ရာသီမှ ၂၀၁၈-၁၉ ရာသီအထိ (၆)ရာသီအတွင်း အိမ်ကွင်းရလဒ် စုစုပေါင်းကို တွက်ချက်ထားတာဖြစ်ပြီး ယူနိုက်တက်ဟာ မြို့ခံပြိုင်ဘက် မန်စီးတီးရဲ့နောက် (၄၇) မှတ်အကွာမှာ ရပ်တည်ခဲ့ကာ ထိပ်သီး (၆)သင်းထဲမှာ အိမ်ကွင်းရလဒ် မှတ်တမ်း အဆိုးဝါးဆုံးဖြစ်နေခဲ့ပါတယ်။
ဂွာဒီယိုလာရဲ့ ချန်ပီယံအသင်းကေ ပြီးခဲ့တဲ့ (၆)ရာသီအတွင်းမှာ ဒုတိယနေရာက အာဆင်နယ်အသင်းထက် (၁၇)မှတ်အသာ အိမ်ကွင်းရမှတ် (၂၇၉) မှတ်နဲ့ ဇယားထိပ်မှာ ရပ်တည်နေတာက အံ့အားသင့်စရာတော့ မဟုတ်ပါဘူး။
လီဗာပူးလ်က အိမ်ကွင်းရမှတ် စုစုပေါင်း (၂၅၃)၊ ချယ်လ်ဆီး (၂၅၁)မှတ်၊ စပါး (၂၃၉)မှတ်တို့က အစဉ်လိုက် အသီးသီးရပ်တည်နေပါတယ်။
ပြီးနောက်မှာတော့ ယူနိုက်တက်က အိမ်ကွင်းရမှတ် (၂၃၂)မှတ်နဲ့ ဇယားအောက်ခြေမှာ ရပ်တည်ပါတယ်။
ယူနိုက်တက်ရဲ့ အိမ်ကွင်းရလဒ် အဆိုးဝါးဆုံးရာသီက ဖာဂူဆန် ထွက်ခွာသွားတဲ့ ၂၀၁၃-၁၄ ရာသီဖြစ်ပြီး အိုးထရက်ဖို့ဒ်မှာ ရမှတ် (၃၀)သာ ရယူခဲ့ပါတယ်။
၂၀၁၇-၁၈ ရာသီ နည်းပြ မော်ရင်ဟိုလက်ထက်မှာ သရဲနီတို့ဟာ (၄၇) မှတ် ရယူခဲ့ပေမယ့် လက်တလောဘောလုံးရာသီမှာတော့ အိမ်ကွင်း ရမှတ် (၃၆)မှတ်သာ ရရှိခဲ့ပြီး သူတို့ဟာ နောက်တကြိမ် ရုန်းကန်ခဲ့ရပြန်ပါတယ်။
Ref; The Sun