မေ ၁၄ ။ ။ ဗုဒ္ဓနေ့ (Vesak day) အခမ်းအနားများကို ဗီယက်နမ်နိုင်ငံတွင် စတင်ကျင်းပပြုလုပ်နေလျက် ရှိပြီး မေလ ၁၃ ရက် ညပိုင်းက နိုင်ငံ မြောက်ပိုင်း ဟာနမ် ပြည်နယ်ရှိ Tam Chuc ဘုရားတွင် ဖယောင်းတိုင်မီးထွန်းညှိပူဇော်မှုများကို ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ မီးထွန်းပူဇော်ပွဲ ကျင်းပရာ Tam Chuc ဘုရားသို့ ကမ္ဘာတစ်ဝှမ်းက ဗုဒ္ဓဘာသာဝင် ထောင်ပေါင်းများစွာနှင့် ဗီယက်နမ် ဒေသခံများ တက်ရောက်ပူဇော်ခဲ့ကြသည်။
ဂေါတမ မြတ်စွာဘုရား ဖွားမြင်တော်မူသော နေ့၊ ဘုရားဖြစ်တော် မူသော နေ့နှင့် ပရိနိဗ္ဗာန် စံတော်မူသော နေ့ အထိမ်းအမှတ် ဗုဒ္ဓနေ့ အခမ်းအနား ပွဲတော်ကို ဗီယက်နမ်တွင် မေလ ၁၉ ရက်၌ ကျင်းပမည် ဖြစ်သည်။
ယနေ့ မေလ ၁၄ ရက်တွင် ယင်းနိုင်ငံ၌ ကမ္ဘာ့ကုလသမဂ္ဂ ဗုဒ္ဓနေ့ အခမ်းအနားများကို ဟာနမ် ပြည်နယ်တွင် စတင် ဖွင့်လှစ်ကျင်းပနေပြီ ဖြစ်ကာ နိုင်ငံနှင့် ဒေသပေါင်း ၁၀၀ ကျော်မှ နိုင်ငံတကာ ကိုယ်စားလှယ်ဦးရေ ၁,၆၅၀ ကျော် ပါဝင်တက်ရောက်ကြသည်ဟု သိရသည်။