ထိုင်ဝမ်အမျိုးသားတစ်ဦးဟာ Apple AirPod ကို မတော်တဆမြိုချမိသွားပါတယ်။ ပျောက်နေတဲ့ နားကြပ်ကို ရှာကြည့်တဲ့အခါ နားကြပ်ဟာ အလုပ်လုပ်နေသေးတယ်လို့ သိရပါတယ်။
Ben Hsu လို့အမည်ရတဲ့ ထိုင်ဝမ်အမျိုးသားဟာ နားကြပ်တစ်စုံနဲ့ အိပ်ပျော်သွားပေမယ့် ပြန်နိုးလာချိန်မှာ နားကြပ်တစ်ဖက်ကို ရှာမတွေ့ခဲ့ပါဘူး။
အဲဒီနောက်မှာ သူက iPhone tracking feature ကို အသုံးပြုပြီး ရှာကြည့်တဲ့အခါမှာ ပျောက်နေတဲ့ နားကြပ်တစ်ဖက်ဟာ သူ့ရဲ့ အခန်းထဲမှာပဲရှိနေပြီး သီချင်းတစ်ပုဒ်ကို ဖွင့်ကြည့်တဲ့အခါမှာ အသံမြည်တာကို ကြားခဲ့ရပါတယ်။
သူက "ကျနော် အိပ်ဟာခင်းအောက်မှာ ရှာကြည့်ပါသေးတယ်။ အခန်းဘေးပတ်ပတ်လည်ကိုလည်း ရှာကြည့်ပေမယ့် မတွေ့ခဲ့ပါဘူး။ အဲဒီနောက်မှာ အဲဒီအသံဟာ ကျနော်ဗိုက်ထဲနေ ထွက်နေတယ်ဆိုတာ သိလိုက်ရပါတယ်။"လို့ ပြောပါတယ်။
ထိုင်ဝမ်ရဲ့ ဆိပ်ကမ်းမြို့ Kaohsiung က ရေတပ်ဝန်ထမ်းဖြစ်သူ Ben Hsu က သူဟာ နားကြပ်မျိုချခဲ့ပေမယ့် ဘာမှ မအီမလည်မျိုး မခံစားရဘူးလို့ ပြောပါတယ်။
ဒါပေမယ့် သူဟာ Kaohsiung Municipal United Hospital ကို သွားခဲ့ပါတယ်။ အဲဒီဆေးရုံက နားကြပ်ဟာ Hsu ဗိုက်ထဲရောက်နေပြီး အစာစွန့်ပစ်လမ်းကြောင်းမှာ ရှိနေတယ်လို့ အတည်ပြုခဲ့ပါတယ်။ တကယ်လို့ နားကြပ်ကို ပုံမှန်အတိုင်း မထုတ်နိုင်ဘူးဆိုရင် ခွဲစိတ်မှုပြုလုပ်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
ဆရာဝန်တွေက သူ့ကို ဆေးပေးလိုက်ပြီး မစင်စွန့်ပစ်တဲ့အခါ နားကြပ်ပါလာ မလာကို စစ်ဆေးဖို့ မှာလိုက်ပါတယ်။
ကံကောင်းစွာနဲ့ပဲ Hsu က နောက်တစ်နေ့မှာ ဝမ်းသွားတဲ့အခါမှာ နားကြပ်လည်း ပါလာတယ်လို့ ပြောပါတယ်။ သူက ပေါင် ၆၅ တန် နားကြပ်ကို သန့်ရှင်း ခြောက်သွေ့စေပြီးနောက် ဘာမဖြစ်ပဲ အသုံးပြုလို့ရသေးတာကို ဆိုပါတယ်။
"ဘက်ထရီက ၄၁ ရာခိုင်နှုန်း ကျန်ပါသေးတယ်။ ဒါဟာ မယုံနိုင်စရာပါ"လို့သူက Apple ထုတ်ကုန်ဟာ 'မှော်ဆန်'တယ်လို့ သူ့ရဲ့ အတွေ့အကြုံကို ပြောပါတယ်။
ဆေးရုံက ဆရာဝန်က နားကြပ်ရဲ့ ဘက်ထရီဟာ အတွင်းထဲမှာသာရှိနေတဲ့အတွက် Hsu ကို ဒုက္ခမရောက်စေတာလို့ ပြောပါတယ်။
Ref; Daily Mail