ဆားဘီးယားရဲ့ ရာကီဂျာ အရက်သောက်ပြိုင်ပွဲ

ဆားဘီးယားရဲ့ ရာကီဂျာ အရက်သောက်ပြိုင်ပွဲ
Photos: AFP

ဆားဘီးယားနိုင်ငံက ဘော်လကန်မှာ သစ်သီးတွေနဲ့ ထုတ်လုပ်ထားတဲ့ အရက်ပြင်း ရာကီဂျာ (Rakija) လို့ခေါ်တဲ့ ဘရန်ဒီအရက်သောက်ပြိုင်ပွဲမှာ တစ်ခွက်ပြီး တစ်ခွက် အမြန်သောက်ရတဲ့ ပြိုင်ပွဲကို ကျင်းပခဲ့ပါတယ်။

ဘော်လကန် ကျေးလက်ဂီတသံတွေကြားမှာ တနင်္လာနေ့က လူ ၄ ယောက်ပါ တစ်သင်း အဖွဲ့ဖွဲ့ပြီး ၁ လီတာ အရက်ပုလင်းကို ၁၅ မိနစ်ကြာလောက် အသောက်ပြိုင်ကြပါတယ်။ ဒါ့အပြင် သစ်သားလုံးတန်းပေါ် မယိမ်းမယိုင်ဘဲ လမ်းလျှောက်ဖြတ်ပြိုင်ရတဲ့ အစီအစဉ်တွေအပါအဝင် အစီအစဉ်များစွာ ပါရှိပါတယ်။

ဒိုင်တွေက အနိုင်ရသူတွေကို ရွေးချယ်ရာမှာ "မြန်နှုန်း ပေါ်မူတည်ပြီး ဆုံးဖြတ်သလို အဖွဲ့သားတွေနဲ့ ဝိုင်းကျတဲ့ ခံစားမှု"ကိုလည်း ထည့်သွင်း တွက်ချက်တယ်လို့ ရာကီဂျာပွဲတော်ရဲ့ တည်ထောင်သူ ဘရားလိုဗစ်က ပြောပါတယ်။

ဒီအရက်သောက်ပွဲတော်ကို ပန်ဂျာနီရဲ့ အလယ်ပိုင်းရွာမှာ လွန်ခဲ့တဲ့ ၁၆ နှစ်ကတည်းက ကျင်းပခဲ့တာဖြစ်ပါတယ်။

ရာကီဂျာအရက်မှာ အယ်လ်ကိုဟာ ၄၀ ရာခိုင်နှုန်းခဲ့ပါဝင်တယ်ဆိုပေမယ့် အိမ်ချက် ရာကီဂျာ အရက်တွေမှာ ပိုပြီး အယ်လ်ကိုဟော ပါဝင်နှုန်း ပိုမြင့်မားလေ့ရှိပါတယ်။ အိမ်ချက် ရာကီဂျာအရက်ဟာ ဘော်လကန်တနှံတလျားမှာ အကြီးအကျယ် လူကြိုက်များ ရေပန်းစားတဲ့ အရက်ဖြစ်ပါတယ်။

ဘရန်ဒီကို ဇီးသီး၊ ချဉ်စော်ကားသီး၊ သစ်တော်သီး ဒါမှမဟုတ် စပျစ်သီးအပါအဝင် သစ်သီးအမျိုးမျိုးကနေ ချက်ယူထုတ်လုပ်နိုင်ပါတယ်။

ဆားဘီးယားနဲ့ ဒေသတော်တော်များများမှာ အစဉ်အလာရိုးရာဓလေ့ဟာ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

ဒီနေရာမှာ လူအချို့ဟာ ကော်ဖီတစ်ခွက်နဲ့ အရက်ခွက်သေးတစ်ခွက်နဲ့ သူတို့ရဲ့ နေ့တစ်နေ့ကို စတင်ပါတယ်။

"ကျနော်တို့ရဲ့ ရည်မှန်းချက်က အချိန်ဖြုန်းဖို့ မဟုတ်ဘဲ တစ်ဦးဦးနဲ့ တစ်ဦးဦး တွေ့ဆုံပျော်ရွှင်ရုံနေရာလေးဖြစ်ဖို့ပါပဲ"လို့ ဘရားလိုဗစ်က အရက်သောက်ပွဲ မစတင်ခင် အကောင်းဘက်က ပြောဆိုသွားခဲ့ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly