ဧပြီ ၂၃ ။ ။ အီရန်နိုင်ငံထွက် ရေနံကို ဝယ်ယူမယ့်သူတွေအပေါ် ဆန်ရှင်တွေ ချမှတ်မယ့် အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ဟာ အရှေ့အလယ်ပိုင်းနဲ့ နိုင်ငံတကာ စွမ်းအင်စျေးကွက်ထဲမှာ ကဗြောင်းကပြန် အခြေအနေတွေ ပိုမိုဖြစ်ပေါ်လာစေဖို့ ရှိနေကြောင်း တရုတ်နိုင်ငံက ဧပြီ ၂၃ မှာ သတိပေးလိုက်ပါတယ်။
အီရန် ရေနံပို့ကုန်တွေအပေါ် အမေရိကန်ရဲ့ တစ်ဘက်သက် ဆန်ရှင်ချထားမှုကနေ တရုတ်အပါအဝင် နိုင်ငံအများစုကို ကင်းလွတ်ခွင့်ပေးထားခဲ့တဲ့ ခြောက်လကြာ သက်ညှာမှုတွေကို အဆုံးသတ်မယ်ဆိုပြီး အိမ်ဖြူတော်က ယမန်နေ့က ကြေညာထားခဲ့ပါတယ်။
“ ဒီလို တစ်ဘက်သက် ဆန်ရှင်တွေ ချဖို့ အမေရိကန်ဘက်က အကောင်အထည်ဖော်တာကို တရုတ်အနေနဲ့ အခိုင်အမာ ဆန့်ကျင်ပါတယ်” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Geng Shuang က ပြောသွားပါတယ်။
“ ဒီလုပ်ရပ်ဟာ အရှေ့အလယ်ပိုင်းသာမက၊ နိုင်ငံတကာစွမ်းအင်စျေးကွက်ကိုပါ ဝရုန်းသုန်းကားအခြေအနေတွေ တိုးမြင့်ဖြစ်စေနိုင်ပါတယ်” လို့ ၎င်းက ပြောသွားပါတယ်။
လက်ရှိမှာတော့ အီရန် ရေနံပို့ကုန်တင်ပို့မှုကို ဇီးရိုးအထိ လျော့ကျသွားအောင် လုပ်မယ်လို့ ထရမ့် အစိုးရက ကြုံးဝါးထားပါတယ်။