လန်ဒန်၊ ဧပြီ ၂၂ ။ ။ လန်ဒန်မြို့လယ်က ၀ါတာလူးတံတားကို ပိတ်ဆို့ထားတဲ့ မျိုးသုဉ်းမှုဘေးတော်လှန်ရေး လှုပ်ရှားမှုက ရာသီဥတုပြောင်းလဲမှုအရေး ဆန္ဒပြသူတွေကို ရဲက ဖမ်းဆီးလျက််် ရှိနေပြီဖြစ်ပါတယ်။
ဒီလို ဖမ်းဆီးရာမှာ ဧပြီ ၂၀ ရက်အထိဆို ဖမ်းဆီးထားသူပေါင်းက ၇၁၈ ဦးအထိ ရှိလာပါတယ်။ ဒါပေမယ့် ဆန္ဒပြသူတွေကတော့ ၀ါတာလူးတံတားကို ဆက်လက်ပိတ်ဆို့ထားဆဲ ဖြစ်ပါတယ်။
ဒီလို ဖမ်းဆီးမှုတွေမှာ လူ ၂၈ ဦးကိုတော့ လန်ဒန်မြို့တွင်း အများပြည်သူ သွားရေးလာရေးကိို အနှောင့်အယှက်ပြုတယ် စွဲဆိုပြီး ဆန္ဒပြမှုနဲ့ ပတ်သက်ကာ တရားစွဲဆိုထားပါတယ်။
ခု ဆန္ဒပြပွဲတွေကို မနှစ်ကမှ ပညာတတ်တွေနဲ့ ဖွဲ့စည်းတဲ့ မျိုးသုဉ်းမှုဘေး တော်လှန်ရေး အဖွဲ့က ကြီးမှူးပြုလုပ််နေတာ ဖြစ်ပါတယ်။ ဒီအဖွဲ့ဟာဆိုရင် တစ်ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်််ဝန်းကျင်အရေး လှုပ်ရှားမှုတွေကို အရှိန်အဟုန်နဲ့ လုပ်ဆောင််လာတဲ့ အဖွဲ့ပဲ ဖြစ်ပါတယ်။
ဆန္ဒပြသူတွေဟာ ရာသီဥတုပြောင််းလဲမှုနဲ့ ဂေဟစနစ် အရေးပေါ်အခြေအနေကို ထုတ်ပြန်ပေးဖို့၊ ၂၀၂၅ ခုနှစ်မှာ ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့ သုညမှတ်ထိ လျှော့ချရေးတို့ကို တောင်းဆိုကြတာပဲ ဖြစ်ပါတယ်။