လန်ဒန်၊ အောက်တိုဘာ ၅ ။ ။ ဗြိတိန်သည် နိုင်ငံမှ ကယ်တင်ထားသော လွိုက်ဘဏ်ရှိ နောက်ထပ် ပေါင်နှစ်ဘီလျံတန်ဘိုးရှိ စတော့ရှယ်ယာများကို အများပြည်သူသို့ ထုတ်ရောင်းမည်ဖြစ်ကြောင်း အစိုးရက အောက်တိုဘာ ၅ တွင် ထုတ်ပြန်ခဲ့သည်။
ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနသည် ၂၀၁၆ခုနှစ် နွေဦးတွင် ဒေါ်လာသုံးဘီလျံ သို့မဟုတ် ၂ ဒသမ ၇ ယူရိုတန်ဘိုးရှိ လွိုက်၏ရှယ်ယာများကို အများပြည်သူသို့ ထုတ်ရောင်းမည်ဖြစ်ပြီး လာမည့်လများအတွင်း လွိုက်ဘဏ် ရှိဘဏ္ဍာရေးပိုင်ဆိုင်မှုများရှိတော့မည်မဟုတ်ဟု ဝန်ကြီးဋ္ဌာန၏ ကြေညာချက်တစ်ခုတွင် ဖော်ပြထားသည်။
ရှယ်ယာရောင်းရငွေအားလုံးကို အမျိုးသားကြွေမြီဆပ်ရာတွင် အသုံးပြုမည်ဟု ဆိုသည်။ ဗြိတိသျှအစိုးရသည် ၂၀၀၈ခုနှစ်က ဘဏ္ဍာရေးအကျပ်အတည်းကာလအတွင်း လွိုက်ဘဏ်ကို ပေါင် ၂၀ဘီလျံဖြင့် စိုက်ထုတ်ကယ်တင်ခဲ့ရသည်။
အစိုးရသည် မကြာသေးမီလများအတွင်း ဘဏ်ရှိ ၎င်း၏ရှယ်ယာများကို တဖြည်းဖြည်းလျှော့လာခဲ့ပြီး ယခုအခါ ၁၂ ရာခိုင်နှုန်းအောက်သာ ရှိတော့သည်။