မတ် ၁၉ ။ ။ အင်ဒိုနီးရှားနိုင်ငံ ပါပူဝါ ပြည်နယ်တစ်ကြောမှာ ရေကြီးမှု၊ မြေပြိုမှုတွေကြောင့် လက်ရှိမတ်လ ၁၉ ရက်အထိ လူပေါင်း ၈၉ ဦးထက်မနည်း သေဆုံးခဲ့ရပြီ ဖြစ်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
ဒါဇင်နဲ့ချီ ပျောက်ဆုံးနေဆဲဖြစ်သလို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပြီး သေဆုံးသူ ဦးရေ ထပ်မံတိုးလာနိုင်သေးကြောင်း အင်ဒို သဘာဝဘေး စီမံရေး အေဂျင်စီက မတ်လ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။
မတ်လ ၁၆ ရက်က မိုးသည်းထန်စွာ ရွာသွန်းရာကနေ စတင်ခဲ့တဲ့ ယင်း သဘာဝဘေးဒုက္ခဆိုးမှာ လူအများအပြား ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။
လူပေါင်း ၆,၈၀၀ လောက်ကို ယာယီကယ်ဆယ်ရေးစခန်းတွေဆီ ပို့ဆောင်ပေးထားရပါတယ်။
လူပေါင်း ၇၄ ဦးထက်မနည်း ရှာမတွေ့သေးဘဲ၊ အခြား လူ ၁၅၀ လောက်ကတော့ ဒဏ်ရာတွေ ရရှိထားကြောင်း သိရပါတယ်။
အဆိုပါ ပါပူဝါ ပြည်နယ်မှာ ၁၄ ရက်ကြာ အရေးပေါ် အခြေအနေတစ်ရပ် အင်ဒိုအစိုးရကလည်း ထုတ်ပြန်ကြေညာထားတယ်လို့ သိရပါတယ်။