မန္တလေး၊ မတ် ၁၈ ။ ။ မန္တလေးမြို့၊ပုသိမ်ကြီးမြို့နယ်၊နန္ဒာမြောက်ရွာ၊ရန်ကုန်ကျောင်းတိုက်တွင် သဲအင်းဂူ ဝိပဿ နာ ၉ ရက် တရားစခန်းကို ဖွင့်လှစ်ပေးသွားမည်ဟု တရားစခန်းဖြစ်မြောက်ရေးမှ မြနန္ဒာဆရာတော် အသျှင် ဝိသုဒ္ဓ (သာသနဓဇ ဓမ္မာစရိယ)က မိန့်ကြားသည်။
အဆိုပါ တရားစခန်းကို မတ်လ ၂၉ ရက်နေ့မှဧပြီလ ၆ ရက်နေ့အထိ ဖွင့်လှစ်သွားမှာဖြစ်ပြီး လာရောက် တရာအားထုတ်မည့်သူများကို နေ၊ထိုင်၊စားသောက်မှုများကို လှူဒါန်းဒါနပြုသွားမည်ဖြစ်သည်။
"လာရောက်တရားအားထုတ်သူတွေကို နေထိုင် စားသောက်ဖို့ အားလုံး စီစဉ်ပေးသွားမယ်။ အခမဲ့ပဲ။ ဘာမှပေးစရာမလိုပါဘူး။"ဟု မြနန္ဒာ ဆရာတော်က မိန့်ကြားသည်။
တရားစခန်းကို ၂၀၁၈ခုနှစ်က စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုပြုလုပ်သည့်အကြိမ်သည် ဒုတိယအကြိမ်လည်း ဖြစ်သည်။ယခုကဲ့သိုု့ တရားစခန်းဖွင့်လှစ်ခြင်းကို နှစ်စဉ် ပြုလုပ်သွားမည်ဟု သိရသည်။
အဆိုပါတရားစခန်းတွင် မန္တလေးတိုင်းဒေသကြီး၊ကျောက်ပန်းတောင်းမြို့နယ်၊သဲအင်းဂူ ဝိပဿနာ ကမ္မဋ္ဌာန်း ရိပ်သာများ၏ အဓိပတိ၊ပြည်တွင်း ပြည်ပ သာသနာပြု နယ်လှည့် ဓမ္မကထိက မဟာကမ္မဋ္ဌာနာစရိယ ဆရာတော် ဘဒ္ဒန္တဓမ္မသာမိ အရှင်သူမြတ်နှင့်ဆရာတော် အရှင်ရေဝတတို့က ခန္ဓာကိုယ်တွေ့ ဉာဏ်မြင် ဝိပဿ နာကျင့်စဉ်များကို သင်ကြားပြသပေးသွားမည်ဖြစ်သည်။
အနယ်နယ်အရပ်ရပ်မှ တရားစခန်းဝင်လိုသူများသည် ဖုန်း ၀၉၄၄၄၀၂၁၁၁၃ ၊၀၉၄၄၉၀၀၃၇၇၄ နှင့်ဝ၉၄၅၆၄၇၁၈၂၂ တို့ကို ဆက်သွယ်စာရင်းပေးနိုင်သည်။