မတ် ၈ ။ ။ မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူဟောင်းတစ်ဦး ဖြစ်တဲ့ ဖယ်လိုင်နီကတော့ နိုင်ငံအသင်းဖြစ်တဲ့ ဘယ်လ်ဂျီယံအသင်းကနေ အနားယူကြောင်း မတ်လ ၇ ရက်က ကြေညာသွားခဲ့ပါတယ်။
ဖယ်လိုင်နီကတော့ ပြီးခဲ့တဲ့ တစ်လလောက်ကမှ အိုးထရက်ဖို့ဒ်ကို စွန့်ခွာပြီး တရုတ်ကလပ်ဆီ ပြောင်းရွှေ့သွားသူဖြစ်ပါတယ်။
" ဘယ်လ်ဂျီယံအသင်းကို ကိုယ်စားပြုပြီး ၁၂ နှစ်ကြာ အမြင့်ဆုံးအဆင့်မှာ ရှိနေစေခဲ့ပြီးနောက်ပိုင်း ဒီ နိုင်ငံတကာ အသင်းက အနားယူဖို့ ကျွန်တော် ဆုံးဖြတ်လိုက်ပါပြီ" လို့ ဖယ်လိုင်နီက ၎င်းရဲ့ တွစ်တာအကောင့်မှာ ရေးသားထားပါတယ်။
အသက် ၃၁ နှစ်အရွယ် ဖယ်လိုင်နီကတော့ ဘယ်လ်ဂျီယံအသင်းအတွက် ၈၇ ပွဲ ကစားပေးခဲ့ပြီး ယမန်နှစ် ကမ္ဘာ့ဖလား တတိယရတဲ့အသင်းမှာ ပါဝင်ခဲ့ပါတယ်။
ဖယ်လိုင်နီဟာ ဖေဖော်ဝါရီလက ယူနိုက်တက်ကနေ ထွက်ခွာပြီး တရုတ်ကလပ် ရှန်ဒေါင်းလူနန်တိုင်ရှန် အသင်းကို ပြောင်းရွှေ့ကစားနေလျက် ရှိပါတယ်။