မတ် ၈ ။ ။ ဒူဘိုင်းမြို့ကြီးရဲ့ မိုးမျှော်တိုက်တာအဆောက်အဦတွေနဲ့ ၁၀၀ ကီလိုမီတာ (၆၂ မိုင်)အကွာမှာ တဲလေးတွေနဲ့ အေးအေးဆေးဆေးအနားယူနိုင်တဲ့ ကန္တာရလေးတစ်ခုရှိပြီး အဆိုပါနေရာသို့ လာရောက်လည်ပတ်သူတွေ တစ်နေ့တစ်ခြား များပြားလာတယ်လို့ သိရပါတယ်။
တဲလေးတွေနဲ့ မလှမ်းမကမ်းမှာရှိတဲ့ မြစ်ထဲမှာ ကနူးလှေလှော်ခတ်ပြီး သဘာဝအလှကို ခံစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
“ညဆိုမီးပုံဘေးမှာ သူငယ်ချင်းတွေနဲ့ စကားပြောမယ်။ စားမယ်။ သောက်မယ်။”လို့ ဆော်ဒီအာရေဗျနိုင်ငံမှာ နေထိုင်တဲ့ ဒူဘိုင်းအမျိုးသား ဂျာမီးလ်ဖာမီက ပြောပါတယ်။
“အပြင်ထွက်မယ်။ သဘာဝအလှကိုခံစားမယ်။ ဘာဘီကျူးလုပ်စားမယ်။”လို့ ယူကေမှာနေတဲ့ ဒူဘိုင်းအမျိုးသား ဂျေးကပြောပါတယ်။
ဒူဘိုင်းမြို့ပြကြီးနဲ့ မနီးမဝေးမှာ တည်ရှိတဲ့ အဆိုပါနေရာလေးဟာတော့ လာရောက်လည်ပတ်သူတွေနဲ့ အမြဲမပြတ်စည်ကားတဲ့ နေရာလေးတစ်ခုဖြစ်လာပါတယ်။