သတ်မှတ်ချက်နှင့် ကွဲလွဲနေသော ကျန်းမာရေးဌာန အဆောက်အဦများကို အသစ်ပြန်တည်ဆောက်ရန် တိုင်းအစိုးရ ဆုံးဖြတ်

သတ်မှတ်ချက်နှင့် ကွဲလွဲနေသော ကျန်းမာရေးဌာန အဆောက်အဦများကို အသစ်ပြန်တည်ဆောက်ရန် တိုင်းအစိုးရ ဆုံးဖြတ်

ပုသိမ်၊ ဖေဖော်ဝါရီ ၂၇ ။            ။ သတ်မှတ်ချက်နှင့်ကွဲလွဲနေသည့် ဇလွန်နှင့် ညောင်တုန်းမြို့နယ်များရှိ ကျန်းမာရေးဌာန အဆောက်အဦများကို အသစ်ပြန်လည်တည်ဆောက်ရန် တိုင်းအစိုးရ ဆုံးဖြတ်လိုက်ကြောင်း ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးကပြောသည်။

“ဇလွန်မှာရှိတဲ့ လေးထပ်ဝန်ထမ်းဆောင်ရော ၊ညောင်တုန်းမှာရှိတဲ့ သုံးထပ်တိုးချဲ့ဆောင်ကိုရော ပြီးခဲ့တဲ့ ကဘိနက်မှာ ဆုံးဖြတ်ပြီး ပြည်ထောင်စုကိုတင်ပြသွားမှာဖြစ်ပါတယ်။ အစအဆုံးပြန်ဆောက်ဖို့ပါ”ဟု ဧရာဝတီ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးကပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အရည်အသွေးစံနှုန်းမမှီသည့် ညောင်တုန်းတိုးချဲ့ဆောင်နှင့် ဇလွန် ကျန်း မာရေးဝန်ထမ်းများနေထိုင်ရန် ဆောက်လုပ်သည့် အဆောက်အဦများကို ပြန်လည်ဆောက်လုပ်ရန် တိုင်း ဒေသကြီး အစိုးရအဖွဲ့အစည်းအဝေးက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ဆို ဝမ်းလည်းဝမ်းသာပါတယ်။ ထောက်လည်း ထောက်ခံပါတယ်။ တိုင်း အစိုးရက ပြည်သူတွေ တင်ပြချက်ပေါ့။ ပြည်သူသဘောဆန္ဒအတိုင်း အသစ်ဆောက်လုပ်ဖို ့ဆိုပြီး တိုင်းဒေသ ကြီးအစိုးရ ကဘိနက်မှာဆုံးဖြတ်တယ်။ ပြည်ထောင်စုကိုတင်ဖို ့ရှိတဲ့အတွက် ဝမ်းသာပြီး လှိုက်လှိုက် လှဲလှဲ ကြိုဆိုပါတယ်” ဟု ညောင်တုန်းမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်နီနီမိုးက ပြောသည်။

ဇလွန်မြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများနေထိုင်ရန် လေးခန်းတွဲ  လေးထပ်အဆောက်အဦဆောက်လုပ်မှု အပေါ် တိုင်းဒေသကြီး တည်ဆောက်မှု ကြီးကြပ်ကော်မတီမှ စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပြီး၊ ပြင်ပ ပညာရှင်များ ပါဝင် သည့်အဖွဲ႔ဖြင့်လည်း စစ်ဆေးခြင်းများပြုလုပ်ခဲ့ကြောင်း၊ ပြင်ပ ပညာရှင်များဖြင့် စစ်ဆေးမှုနှင့် ပတ်သက်၍ ဇလွန်မြို့နယ်ဆေးရုံတွင် ပြည်သူများအား ဇန်နဝါရီလ၂၆ရက်နေ့က ရှင်းလင်းချပြခဲ့သည်။

ညောင်တုန်းဆေးရုံ ၃ထပ် တိုးချဲ့ဆောင်သစ်သည် ကျပ်သိန်း ၆ဝဝဝကျော်ဖြင့် ၃နှစ် တည်ဆောက် နေခြင်း ဖြစ်ပြီး Royal Winner Land Co.Ltd က တင်ဒါအောင်ကာ တည်ဆောက်နေခြင်းဖြစ်သည်။ ၂၀၁ရနှင့် ၂၀၁၈ခုနှစ်တွင် တည်ဆောက်မှု အပိုင်၌ လွဲချော်မှုများရှိသဖြင့် ဆောက်လုပ်ခွင့်ကိုရပ်နားထားခဲ့သည်။

 ယခုအခါ ဇလွန်မြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းများ နေထိုင်ရန် လေးထပ်ဆောင်နှင့် ညောင်တုန်းမြို့နယ် ဆေးရုံ သုံးထပ်တိုးချဲ့ဆောင်တို့ကို အသစ်ပြန်လည်တည်ဆောက်ပေးရန် တိုင်းအစိုးရက ဆုံးဖြတ်ပြီး ပြည်ထောင်စုသို႔ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly