အိန္ဒိယဘက်မှ အမြှောက်ဖြင့်ပစ်ခတ်မှုကြောင့် အရပ်သား ၄ ဦး သေဟု ပါကစ္စတန်ပြော

အိန္ဒိယဘက်မှ အမြှောက်ဖြင့်ပစ်ခတ်မှုကြောင့် အရပ်သား ၄ ဦး သေဟု ပါကစ္စတန်ပြော

ဖေဖော်ဝါရီ ၂၇ ။             ။ ဖေဖော်ဝါရီ ၂၆ က ကက်ရှ်မီးယားဒေသမှာ အိန္ဒိယနဲ့ ပါကစ္စတန် တပ်ဖွဲ့တွေအကြား အပြန်အလှန် ပစ်ခတ်မှုတစ်ခုအတွင်း မိမိတို့ဘက်က ကလေးနှစ်ဦးအပါအဝင် အရပ်သား လေးဦး သေဆုံးပြီး ဆယ်ဦး ဒဏ်ရာရသွားတယ်လို့ ပါကစ္စတန် တာဝန်ရှိသူတွေက ပြောပါတယ်။

လက်ရှိအချိန်မှာ နျူကလီးယားလက်နက်တပ် အိမ်နီးချင်း ရန်ဘက်နှစ်နိုင်ငံအကြား တင်းမာမှုတွေကတော့ မြင့်သထက် မြင့်နေလျက် ရှိပါတယ်။

" အိန္ဒိယရဲ့ လက်နက်ကြီးကျည်ဆံက နယ်စပ် ထိန်းချုပ်ရေးမျဉ်းတစ်လျှောက်က နေအိမ်တစ်အိမ်ပေါ် သွားကျခဲ့ပါတယ်၊ အဲဒီမှာ အရပ်သား သေဆုံး ထိခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်" ဆိုပြီး ပါကစ္စတန် သဘာဝဘေး စီမံမှု အာဏာပိုင်အဖွဲ့က တာဝန်ရှိသူ ရှာရစ် တာရစ်က ပြောပါတယ်။

အငြင်းပွား ကက်ရှ်မီးယားဒေသ နယ်စပ် ထိန်းချုပ်ရေးမျဉ်းတစ်လျှောက်မှာ နှစ်နိုင်ငံစလုံးက တပ်ဖွဲ့ဝင်တွေ ထူထူထဲထဲ ချထားပြီး ယခင်ကာလတွေကတည်းက တစ်ဘက်နဲ့ တစ်ဘက် ပစ်ခတ်မှုတွေ ရှိကြောင်း အပြန်အလှန် စွပ်စွဲနေခဲ့ကြပါတယ်။

ဒါဟာ ယမန်နေ့က ပါကစ္စတန်ပိုင်နက်ထဲက စစ်သွေးကြွစခန်းတွေအပေါ် အိန္ဒိယက လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်နောက်ပိုင်း ယခုလို သေဆုံးမှုတွေကို ပါကစ္စတန်ဘက်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly