ဖေဖော်ဝါရီလ ၂၅ ။ ။ ရုပ်ရှင်သရုပ်ဆောင်၊ ဟာသလူရွှင်တော် ဒိန်းဒေါင် နှလုံးအောင့်တာကြောင့် ဖေဖော်ဝါရီလ ၂၅ ရက်၊ မွန်းလွဲ ၁ နာရီက အရေးပေါ်ဆေးရုံတင်ပြီး ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
"ပာုတ်ပါတယ်။ ကိုဒိန်းဒေါင်ကို ဆေးရုံတင်ထားရပါတယ်။ မြောက်ဒဂုံမြို့နယ်က ပင်လုံဆေးရုံမှာပါ။ နေ့ခင်း ၁ နာရီ ဝန်းကျင်လောက်ကပဲ သူ့ကို အရေးပေါ်ကားနဲ ့ဆေးရုံတင်လိုက်တာ။ ဖြစ်တာကတော့ နှလုံးအောင့် တာပေါ့။ ဖြစ်ဖြစ်ချင်းတော့ သတိမရဘူးပေါ့ ။ ဆေးရုံရောက်တော့ အရေးပေါ်လုပ်လိုက်တော့ သတိပြန်ရပါပြီ။ အခုတော့ နည်းနည်းအိပ်ချင်နေတယ်ဆိုလို့ သူက အိပ်နေပါတယ်။ ရောက်ကာစကတော့ သူက သတိ မရဘူးလေ။ အခုတော့ သိပ်တော့မစိုးရိမ်ရဘူးလို့ ထင်တယ် '' လို့ လူရွှင်တော်အသင်း(ရန်ကုန်)၏ ပြန်ကြားရေးမှူး ဦးကောင်းကျော်က ပြောပါတယ်။
လက်ရှိအချိန်မှာ ဒိန်းဒေါင်က ဆေးကုသမှု ခံယူနေတယ်လို့ ကနဦး သိရပြီး ဆေးရုံသို့ တက်ရောက် ကုသနေရတာကို ဦးကောင်းကျော်က လူမှုကွန်ရက်မှာ ရေးသားထားတာပါ။
လူရွှင်တော်အသင်းသားတွေနဲ့ အနုပညာရှင်တွေကလည်း ဒိန်းဒေါင်ရဲ့ ကျန်းမာရေးအခြေအနေနဲ ့ပတ်သက်ပြီး
အမြန်ဆုံးသက်သာဖို့ လူမှုကွန်ရက်မှာ ဆုတောင်းပေးနေကြပါတယ်။
ဒိန်းဒေါင်ဟာ ဟာသကားတွေနဲ့ မြန်မာပရိသတ်တွေအကြား လူသိများတဲ့ ၀ါရင့် သရုပ်ဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။