မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ဆန်းချက်ဇ် ပါဝင်ကစားတဲ့ ပွဲချိန် ၆၁၅ မိနစ်အတွက် တစ်မိနစ်လျှင် ပေါင် ၁၅၆၀၁ ကုန်ကျနေတယ်လို့ သိရပါတယ်။
ဒီနှစ်ဘောလုံးရာသီအစကနေ ဖေဖော်ဝါရီ ၁၁ ရက်ထိ ပြုစုထားတဲ့ ဒေတာအချက်အလက်တွေအရ မန်ယူအသင်းဟာ ကစားသမား တစ်ယောက်ချင်းစီ ကွင်းတွင်းကစားချိန်ပေါ်မူတည်ပြီး ဘယ်လောက်ကုန်ကျတယ်ဆိုတာ ပြသထားတာဖြစ်ပါတယ်။
ဆန်းချက်ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဆောင်းရာသီအပြောင်းအရွှေ့မှာ အာဆင်နယ်မှ မန်ယူအသင်းသို့ ရောက်ရှိခဲ့ပြီးနောက် အသင်းမှာသာမက ပရီးမီးယားလိဂ်မှာပါ လစာအများဆုံးရရှိတဲ့ ကစားသမားအဖြစ် တစ်ပတ်ပေါင် ၅၀၅၀၀၀ ရရှိနေသူဖြစ်ပါတယ်။
ဒါပေမယ့် မန်ယူအသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ ချီလီကစားသမားဟာ ဒီရာသီမှာ အသင်းအတွက် ၁၉ ပွဲသာ ပါဝင်ကစားခဲ့ပြီး ကွင်းအတွင်းမှာ မိနစ်အနေနဲ့ ၆၁၅ မိနစ်ရှိခဲ့ပါတယ်။
မန်ယူအသင်းဟာ ပြီးခဲ့တဲ့ နွေရာသီက ရှက်တာဒိုးနက်အသင်းမှ ပေါင် ၅၂ သန်းနဲ့ ခေါ်ယူခဲ့တဲ့ ဖရက်ဒ်အတွက် တစ်မိနစ်လျှင် ပေါင် ၅၅၁၂ ကုန်ကျပါတယ်။ ဘရာဇီးကစားသမားဟာ ၅၆၆ မိနစ်သာ ကစားထားရာ တစ်ပတ်ဝင်ငွေ ပေါင် ၁၂၀၀၀၀ ရရှိသူဖြစ်ပါတယ်။
မန်ယူအသင်းမှာ အနည်းဆုံးပမာဏအနေနဲ့ ကုန်ကျတာကတော့ ရပ်ရှ်ဖို့ဒ်ဖြစ်ပြီး သူအတွက် တစ်မိနစ်အတွက် ၇၆၇ ပေါင်သာ ရှိပါတယ်။
မန်ယူအသင်းဟာ ပေါလ်ပေါ့ဘာအတွက် ဒီရာသီ တစ်မိနစ်လျှင် ၃၉၀၃ ပေါင်အထိ ကုန်ကျမှုရှိပါတယ်။
Ref; The Sun