အာဆင်နယ်သည် ပရီးမီးယားလိဂ်တွင် နည်းစနစ်ပိုင်းအကောင်းဆုံး အသင်းဟု ဗန်ဟားလ်ပြော

အာဆင်နယ်သည် ပရီးမီးယားလိဂ်တွင် နည်းစနစ်ပိုင်းအကောင်းဆုံး အသင်းဟု ဗန်ဟားလ်ပြော

အောက်တိုဘာ ၂၊ မန်ချက်စတာ ။         ။ တနင်္ဂနွေနေ့တွင် အာဆင်နယ်အသင်းနှင့်တွေ့ဆုံရမည့် ပရီးမီးယားလိဂ်ပွဲမတိုင်မီ မန်ယူနည်းပြဗန်ဟားလ်က အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်တွင် နည်းစနစ်၊ နည်းဗျူဟာပိုင်း အကောင်းဆုံး အသင်းတစ်သင်းဖြစ်သည်ဟု ပြောဆိုလိုက်သည်။

ပရီးမီးယားလိဂ်အမှတ်ပေးဇယားကိုဦးဆောင်နေသည့် မန်ယူအသင်းသည် အမ်းမရိတ်စ်ကွင်းတွင် အရေးပါသောပွဲစဉ်သွားမကစားမီ နယ်သာ လန်လူမျိုးနည်းပြ ဗန်ဟားလ်က ပြိုင်ဘက်၏ အရည်အချင်းကို အသိအမှတ်ပြုခဲ့ခြင်းဖြစ်သည်။

"အာဆင်နယ်အသင်းဟာလိဂ်မှာ နည်းစနစ်၊ နည်းဗျူဟာပိုင်းအကောင်းဆုံးအသင်းဖြစ်ပါတယ်။ ဒါတောင်အောင်မြင်မှုတွေအများကြီးမရလို့ တိုးတက်ဖို့လိုနေပါတယ်။ ကျွန်တော်တို့ပျော်နေတယ်ဆိုပေမယ့် အာဆင်နယ်အသင်းက အရှုံးကနေပြန်လာနိုင်တဲ့အသင်းဖြစ်ပါတယ်။ အဲဒါကို သူတို့အကြိမ်များစွာ လုပ်ပြခဲ့ပြီးပါပြီ"ဟု ဗန်ဟားလ်က ပြောသည်။

ဗန်ဟားလ်က ၎င်းမန်ယူအသင်းသားများသည် ပွဲဆက်များနေခြင်းကြောင့် ပွဲပန်းနေကြောင်းလည်း ပြောသည်။ "ဖြေရှင်းရမယ့်အရာက အားပြန်ပြည့်ဖို့ပဲ။ ဒါကြောင့် အာဆင်နယ်နဲ့ပွဲကို   ပြင်ဆင်ရခက်နေတာ"ဟု ၎င်းကဆိုသည်။

ကွင်းလယ်ကစားသမားကာရစ်မှာ ကြံ့ခိုင်မှုစစ်ဆေးခြင်းကိုကျော်ဖြတ်နိုင်ခဲ့သဖြင့် ရွေးချယ်နိုင်မည်ဖြစ်ကြောင်းနှင့် ချန်ပီယံလိဂ်ပွဲတွင် တစ်ဦး တစ်ယောက်မှ ထိခိုက်ဒဏ်ရာရခဲ့ခြင်းမရှိ၍   ပျော်ရွှင်မိသည်ဟုလည်း ဗန်ဟားလ်ကဆိုခဲ့သည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly