ထိုင်းဘုရင်ရဲ့ အစ်မတော် ဝန်ကြီးချုပ် ဝင်ပြိုင်မယ့် ပါတီကို ရွေးကောက်ပွဲကော်မရှင်က ဖျက်သိမ်းဖို့ လုပ်လာ

ထိုင်းဘုရင်ရဲ့ အစ်မတော် ဝန်ကြီးချုပ် ဝင်ပြိုင်မယ့် ပါတီကို ရွေးကောက်ပွဲကော်မရှင်က ဖျက်သိမ်းဖို့ လုပ်လာ

ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၃ ။          ။ ထိုင်းဘုရင်ရဲ့ အစ်မတော်ဖြစ်သူ ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်နေရာ ဝင်ပြိုင်မယ် Thai Raksa Chart ပါတီကို ရွေးကောက်ပွဲကော်မရှင်က တရားဝင်ဖျက်သိမ်းဖို့ လုပ်ဆောင်လျက် ရှိပါတယ်။

ဒီလို ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ရပ်အပြီးမှာ Thai Raksa Chart ပါတီရဲ့ ခေါင်းဆောင်က သူတို့ဟာ ပြည်သူတွေရဲ့ မျှော်လင့်ချက် ဖြစ်တယ်လို့ ပြောဆိုလာပါတယ်။

ရွေးကောက်ပွဲကော်မရှင်ဟာ Thai Raksa Chart ပါတီကို တရားဝင်ဖျက်သိမ်းနိုင်ဖို့ ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးကို ဗုဒ္ဓဟူးနေ့မှာ တိုက်တွန်းထားပြီး ဖြစ်ပါတယ်။

စစ်အစိုးရ အုပ်ချုပ်ရာ ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ သောကြာနေ့က ဘုရင်ဝါဇီရလောင်ကွန်းရဲ့ အစ်မတော်ဖြစ်သူ ဥဘောရတနာက မတ် ၂၄ ရက် ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် ဝင်ပြိုင်မယ်ဆိုပြီး ကြေညာလိုက်တဲ့နောက်ပိုင်း နိုင်ငံရေးလှုပ်ခတ်လျက် ရှိပါတယ်။

စစ်အာဏာသိမ်းမှု ဖြစ်ပွားလာနိုင်တယ်ဆိုတဲ့ ကောလဟလတွေလည်း ထွက်ပေါ်နေခဲ့ရာ ဝန်ကြီးချုပ်ဖြစ်သူ ပရာယွတ်ချန်အိုချာက မဟုတ်ကြောင်း ဖြေရှင်းထားပါတယ်။

မင်းသမီး ဥဘောရတနာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်တာဟာ လုံးလုံး မသင့်တော်တဲ့ လုပ်ရပ်ဖြစ်ပြီး ဖွဲ့စည်းပုံနဲ့လည်း ဆန့်ကျင်တယ်လို့ ထိုင်းဘုရင်ကလည်း ထုတ်ပြန်ထားပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly