ဖေဖော်ဝါရီ ၁၃ ။ ။ " ၈ ကြိမ်မြောက် ကာတာအမျိုးသားအားကစားနေ့ အထိမ်းမှတ်ပွဲ " ကို ဖေဖော်ဝါရီလ ၁၂ ရက် မနက်တွင် ရန်ကုန်၊ ဆီဒိုးနားဟိုတယ်၌ ကျင်းပခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာကာတာသံရုံး၏ သံရုံးယာယီတာဝန်ခံ Mr.Mansoor Mubarak Al_Khayarin မှ ကြီးမှူး၍ ကျင်းပသော အထိမ်းမှတ်ပွဲသို့ သံရုံးဝန်ထမ်းမိသားစုများ ၊ နိုင်ငံခြားသံရုံးအကြီးအကဲများနှင့် သတင်းမီဒီယာ များ တက်ရောက်၍ တင်းနစ် ၊ ကြက်တောင်နှင့် အခြားအားကစားအစီအစဉ်များ၌ ပါဝင်ဆင်နွှဲခဲ့ကြသည်။
လူတိုင်းအားကစားလှုပ်ရှားမှုများတွင် ပါဝင်ကာ ကျန်းမာလန်းဆန်းသောလူမှုဘဝများ ပိုင်ဆိုင်နိုင်ရန် ရည်ရွယ် ၍ နှစ်စဉ် ဖေဖော်ဝါရီလ၏ ဒုတိယအင်္ဂါနေ့ကို ကာတာနိုင်ငံ၏ အမျိုးသားအားကစားနေ့အဖြစ် သတ်မှတ်၍ ၂၀၁၁ ခုနှစ်မှ စတင်၍ နှစ်စဉ် ကျင်းပခဲ့ခြင်း ဖြစ်သည်။
ကာတာလက်ရွေးစင် အသင်း၏ 2019 Asian Cup အောင်ပွဲကြောင့် ယခုနှစ် အမျိုးသားအားကစား အထိမ်းမှတ်ပွဲသည် ပိုမိုအမှတ်တရ ဖြစ်ခဲ့ကြောင်း သံရုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။