မီဒီယာသမားများနှင့်မီဒီယာအဖွဲ့အစည်းများကျင့်ဝတ်နှင့်မညီသောလုပ်ဆောင်မှုများတွေ့ရှိပါက တိုင်ကြားနိုင်

မီဒီယာသမားများနှင့်မီဒီယာအဖွဲ့အစည်းများကျင့်ဝတ်နှင့်မညီသောလုပ်ဆောင်မှုများတွေ့ရှိပါက တိုင်ကြားနိုင်

ရန်ကုန်၊ဖေဖော်ဝါရီ ၈ ။             ။ သတင်းမီဒီယာသမားများနှင့် သတင်းမီဒီယာအဖွဲ့အစည်းမျာ းကျင့်ဝတ်နှင့်မညီသောလုပ်ဆောင်မှုများတွေ့ရှိပါက မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ တိုင်ကြားနိုင်ကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ထုတ်ပြန်ချက်တစ်ခုကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် သတင်းမီဒီယာအမည်ခံပြီး ခြိမ်းခြောက်ငွေတောင်းခံသူများအား ဖမ်းဆီး အရေးယူ ခံရသည့်သတင်းများကို သတင်းဖော်ပြမှုများအရ မြန််မာနိုင်ငံသတင်းမီဒီယာကောင်စီကသိရကြောင်း ထို့အပြင် သတင်းမီဒီယာ အမည်ခံပြီး ခြိမ်းခြောက်ငွေတောင်းခံနေသူများရှိနေကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီထံသို့လည်း အသိပေးတိုင်ကြားမှုများ ရှိလာကြောင်း ကနဦးရေးသားထားသည်။

ထို့အပြင် သတင်းမီဒီယာသမားများသည် ပြဋ္ဌာန်းထားသည့် သတင်းမီဒီယာဥပဒေအခန်း(၄) သတင်းမီဒီယာ သမားများ လိုက်နာရမည့် တာဝန်နှင့်ကျင့်ဝတ်များကိုလည်းကောင်း၊ သတင်းမီဒီယာနည်းဥပဒေ ပုဒ်မ(၃၃)ကို လည်းကောင်း၊ မြန််မာနိုင်ငံသတင်းမီဒီယာကောင်စီမှ ထုတ်ပြန်ထားသည့် ကျင့်ဝတ်ကိုလည်းကောင်း လိုက်နာ ရန် တာဝန်ရှိကြောင်းနှင့် သတင်းမီဒီယာဥပဒေ ပုဒ်မ(၁၂)အရ သတင်းမီဒီယာသမားများနှင့် ပတ်သက်ပြီး သတင်း မီဒီယာဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လွတ်လပ်စွာ ဆောင်ရွက်နိုင်သည့် တစ်ခုတည်းသော အဖွဲ့ အစည်းဖြစ်ကြောင်း ဖော်ပြထားသည်။

.မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် သတင်းမီဒီယာကိုစောင့်ကြည့်ခြင်း၊ သတင်းမီဒီယာသမားများ၊ စာနယ်ဇင်းအသင်းအဖွဲ့များက သတင်းမီဒီယာကျင့်ဝတ်ဖောက်ဖျက်မှုများရှိလာပါက သတိပေးခြင်းကို ဆောင်ရွက်ရန် သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေများအရ အခွင့်အာဏာရှိပါသည်ဟု ဆိုထားပြီး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသည် ထိုကိစ္စရပ်များကို ထိရောက်စွာကိုင်တွယ်ဆောင်ရွက်နိုင်ရန်အတွက် သတင်း မီဒီယာကျင့်ဝတ်နှင့် သတင်းမီဒီယာဖွ့ံဖြိုးရေး ကော်မတီကိုလည်း ဖွဲ့စည်းထားကြောင်း သိရသည်။

သတင်းမီဒီယာသမားများနှင့်သတင်းမီဒီယာအဖွဲ့အစည်းများသည် ပြဌာန်းထားသည့် သတင်း မီဒီယာ ဥပဒေ၊ နည်းဥပဒေ ၊ ကျင့်ဝတ်နှင့်စည်းကမ်းများကိုတိကျစွာ လိုက်နာရန်လိုအပ်ကြောင်းနှင့် လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက ခေါ်ယူတွေ့ဆုံသတိပေးခြင်း၊ သတိပေးချက်ထုတ်ပြန်ခြင်း တို့ကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း လိုအပ်ပါက သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၈ ရက်ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့်သတင်းမီဒီယာသမားများနှင့်သတင်းမီဒီယာအဖွဲ့အစည်းများမှ ကျင့်ဝတ်နှင့်မညီသော လုပ်ဆောင် မှုများကို တွေ့ရှိပါက မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ (အီးမေးလ် [email protected] ၊ ဖုန်း- 09448026326) သို့ တိုင်ကြားနိုင်ပါကြောင်းနှင့် လုံခြုံစိတ်ချစွာတိုင်ကြားနိုင်ရေးအတွက် တိုင်ကြားသူ၏ အမည် ကိုလည်း လျှို့ဝှက်ထားပေးမည်ဟု ထုတ်ပြန်ခဲ့သည်။

လက်ရှိအချိန်တွင် သတင်းထောက်အယောင်ဆောင်ကာ ချိန်းခြောက်ငွေတောင်းခံခြင်း ၊ မြန်မာနိုင်ငံအထဲသို့ လူမှောင်ခိုသွင်းခြင်း ၊ သစ်ခိုးထုတ်ခြင်း ၊ အစရှိသည့် ပြစ်မှုများကို ကျူးလွန်လာခြင်းကြောင် ့ သတင်းမီဒီယာ ကောင်စီအနေဖြင့် သတင်းထောက်ပာုတ်၊ မပာုတ် စီစစ်သွားရန်လည်း ဆောင်ရွက်နေကြောင်း သိရသည်။

 ထို့အပြင် မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်တွင် ဘင်္ဂါလီ(၁၀)ဦးအား အခကြေးငွေယူ၍ ပြည်မထဲသို့ ခိုးသွင်းလာသော ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်မှ မှုခင်းသတင်းထောက်ဆိုသူကို ဘင်္ဂါလီများနှင့်အတူ မင်းတုန်း ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၄ရက် နံနက် ၄နာရီ ခွဲအချိန်ခန့်က ဖမ်းဆီးရမိခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required