ဇန်နဝါရီ ၂၉ ။ ။ တရုတ်ပြည်အရှေ့ပိုင်း၊ ဟန်ကျိုးမြို့မှာ တည်ရှိတဲ့ ဟိုတယ်မှာ ဟော့ပေါ့ပုံစံပြုလုပ်ထားတဲ့ ရေပူစမ်းတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။
အဆိုပါရေပူစမ်းတွေထဲမှာတော့ ဟော့ပေါ့ထဲမှာ ပါဝင်တဲ့ ဟင်းသီးဟင်းရွက်တွေကို အမျိုးအစားအလိုက် ခွဲထည့်ထားတာဖြစ်ပါတယ်။
ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေ ထည့်ထားတဲ့ ရေပူစမ်းတွေထဲမှာ ရေစိမ်ပြီး အပန်းဖြေနေကြတဲ့ ဧည့်သည်တွေ၊ ငရုတ်သီးတွေနဲ့ ဆော့နေတဲ့ ကလေးငယ်တွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။
ကလေးလူကြီး အရွယ်မရွေး အပန်းဖြေနိုင်တဲ့ အဆိုပါရေပူစမ်းတွေကို တရုတ်နှစ်ကူးအမီ ပြုလုပ်ထားခြင်းဖြစ်ကြောင်း ဟိုတယ်တာဝန်ခံတစ်ဦးက ပြောပါတယ်။
တရုတ်နှစ်ကူးပွဲတော်ကို လာမယ့် ဖေဖော်ဝါရီလ၊ ပထမပတ်မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။