ဆီးရီးယားတွင် စစ်တပ်များဖြန့်ကြက်ကာ အိုင်အက်စ်ကို တိုက်ခိုက်သည့် လေကြောင်းထိုးစစ်များကိုလည်း ဆင်နွှဲရန် ရုရှပါလီမန်က အတည်ပြုလိုက်သည်။ ဆီးရီးယားမှ စစ်ရေးအကူအညီတောင်းဆိုမှုအရ ယခုကဲ့သို့လည်း အတည်ပြုလိုက်ခြင်းဖြစ်သည်ဟု ရုရှတာဝန်ရှိသူ ဆာဂေးအီဗန်နော့ဗ်က ပြောသည်။
မြေပြင်တပ်ဖွဲ့များ အသုံးပြုခြင်းကို ခွင့်ပြုသည်မဟုတ်ဘဲ လေကြောင်းတပ်ဖွဲ့များကိုသာ အသုံးပြုခွင့်ပေးခြင်းဖြစ်ကြောင်း ဆာဂေးက ပြောသည်။ ကြီးမားသည့် အကြမ်းဖက်မှု တိုက်ဖျက်ရေးညွန့်ပေါင်းဖွဲ့ရန် အတွက် သမ္မတပူတင်က ယခုသီတင်းပတ်က တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ဒုတိယကမ္ဘာစစ်အတွင်းက ဟစ်တလာအား ဆန့်ကျင်တိုက်ခိုက်ခဲ့သည့် မဟာမိတ်များကဲ့သို့ အလားသဏ္ဍန်တူဖြစ်သင့်ကြောင်း ကုလသမဂ္ဂတွင် ပူတင်က ပြောကြားခဲ့ခြင်းဖြစ်သည်။
Ref: BBC