ဘာစီလိုနာအသင်းက လာမယ့်နွေရာသီမှာ ကတ်တလန်အသင်းဆီ ပူးပေါင်းလာမယ့် နယ်သာလန်ကွင်းလယ်ကြယ်ပွင့် ဖရန်ကီ ဒီဂျောင်ကို ခေါ်ယူစာချုပ်လိုက်ပြီဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။
ဒီဂျောင်ရဲ့ အပြောင်းအရွှေ့အတွက် ဘာစီလိုနာအသင်းဟာ ယူရို ၈၆ သန်းနဲ့ ၅ နှစ် စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။
“ဘာစီလိုနာနဲ့ အေဂျက်တို့ဟာ ၂၀၁၉၊ ဇူလိုင် ၁ ရက်မှာ ကတ်တလန်ကလပ်အသင်းဆီ ပူးပေါင်းမယ့် ကွင်းလယ်လူ ဒီဂျောင်ရဲ့ အပြောင်းအရွှေ့အတွက် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပါတယ်။”လို့ ဘာစီလိုနာအသင်းက အသင်းရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
အသက် ၂၁ နှစ်ရှိ ဒီဂျောင်ကို မန်စီးတီးအသင်းနဲ့ ပီအက်စ်ဂျီအသင်းတွေက အပြိုင်စိတ်ဝင်စားခဲ့ကြပေမယ့် ဘာစီလိုနာက လက်ဦးမှု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်း ဥက္ကဋ္ဌ ဘာတိုမြူက လူငယ်ကြယ်ပွင့်တွေကိုခေါ်ယူနိုင်ရေးဟာ အသင်းရဲ့စီမံကိန်းတစ်ရပ်ဖြစ်ပြီး ဒီဂျောင်ဟာ လာမယ့်နှစ်ပေါင်းများစွာအတွင်း ကလပ်ရဲ့အဓိကကျတဲ့အစိတ်အပိုင်းတစ်ရပ်ဖြစ်လာမယ်လို့ ယုံကြည်ထားကြောင်း သူ့ရဲ တွစ်တာကနေ မှတ်ချက်ရေးသားခဲ့ပါတယ်။
ဒီဂောျင်ဟာ ၂၀၁၅၊ ဒီဇင်ဘာမှာ နယ်သာလန်ရဲ့ Willem II အကယ်ဒမီမှာ ကစားခဲ့ပြီး ၂၀၁၆-၁၇ ရာသီမှာတော့ အေဂျက် ယူ ၂၁ လူငယ်အသင်းကနေ အသင်းကြီးအတွက် စတင်ပါဝင်ကစားခွင့်ရရှိခဲ့ရာ ပြိုင်ပွဲအရပ်ရပ် ၆၅ ပွဲမှာ ၅ ဂိုးသွငး်ယူနိုင်ခဲ့ပါတယ်။
သူဟာ ၂၀၁၈ ဇွန်လက ပီရူးနဲ့ပွဲစဉ်မှာ နယ်သာလန်လက်ရွေးစင်အဖြစ် ပထမဆုံးပါဝင်ခွင့်ရရှိခဲ့ပြီး လက်ရွေးစင်အသင်းအတွက် ၅ ပွဲကစားထားပါတယ်။
Ref; EFE-EPA