ဘာလင်၊ ဇန်နဝါရီ ၂၂ ။ ။ ပြင်သစ်-ဂျာမနီ ချစ်ကြည်ရေးသဘောတူညီမှုသစ်ဟာ အနာဂတ် ပူးပေါင်း ဥရောပစစ်တပ် ဖွဲ့စည်းရေးအတွက် ရှေ့တိုးခြေလှမ်းတစ်ရပ်ပဲလို့ ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်က အင်္ဂါနေ့မှှာ ပြောပါတယ်။
ဂျာမနီနိုင်ငံဆီ ရောက်ရှိလာတဲ့ ပြင်သစ်သမ္မတ မက်ခရွန်နဲ့ ချုပ်ဆိုတဲ့ ဒီသဘောတူညီချက်ဟာ ပြင်သစ်-ဂျာမနီ ဘုံစစ်ရေးယဉ်ကျေးမှု တည်ဆောက်ရေးနဲ့ ဥရောပစစ်တပ် ဖွဲ့စည်းရေးကို အားဖြည့်နိုင်ရေးအတွက် ရည်ရွယ်ကြောင်း မာကဲလ်က ဆိုပါတယ်။
မက်ခရွန်ရော၊ မာကဲလ်ကပါ ပိုမိုကြီးမားတဲ့ နေတိုးမဟာမိတ်တပ်စုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဥရောပသမဂ္ဂအဖွဲ့ကြီးအတွက် ပူးပေါင်းဥရောပစစ်တပ် ဖွဲ့စည်းရေး အယူအဆကို ဆွဲကိုင်ထားသူတွေလည်း ဖြစ်ပါတယ်။
ပြင်သစ်နဲ့ ဂျာမနီဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ ကာကွယ်ရေးတို့မှာ ပိုမိုပူးပေါင်းဆောင်ရွက်သွားဖို့ ကြိုးစားနေကြောင်း၊ ပူးပေါင်းစစ်ရေးဆိုင်ရာအုပ်စု ဖြစ်လာရေး လုပ်ဆောင်သွားမှာဖြစ်ကြောင််း ဝန်ကြီးချုပ်မာကဲလ်က မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောကြားပါတယ်။
အီးယူကနေ ဗြိတိန်က နုတ်ထွက်ဖို့ လုပ်ဆောင်နေချိန်နဲ့ ဥရောပတိုက််မှာ အမျိုးသားရေးဝါဒ အားကြီးလာနေတဲ့ အချိန်မှာ ပြင်သစ်နဲ့ ဂျာမနီတို့ဟာ မဟာမိတ်ဆက််ဆံမှု ပိုမိုခိုင်မာကြီးထွားရေးအတွက် ကြိုးစားလာတာပဲ ဖြစ်ပါတယ်။