ဒီဇင်ဘာ ၁၅ ။ ။ အမျိုးသားကနေ အမျိုးသမီးအဖြစ် လိင်အင်္ဂါပြုပြင်ခွဲစိတ်ထားတဲ့ စပိန်အလှမယ် အန်ဂျလာပွန့်စ်ဟာ ၆၇ ကြိမ်မြောက် မယ်စကြာဝဠာပြိုင်ပွဲမှာ စပိန်နိုင်ငံကိုယ်စားပြု အလှမယ်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိတယ်လို့ သိရပါတယ်။
အဆိုပါဖြစ်စဉ်ဟာ ၆၆ နှစ်ကြာ ကျင်းပလာခဲ့တဲ့ မယ်စကြာဝဠာပြိုင်ပွဲရဲ့ သမိုင်းမှာ လိင်ပြောင်းအလှမယ် တစ်ဦးကို နိုင်ငံကိုယ်စားပြုအလှမယ်အဖြစ် ဝင်ပြိုင်ခွင့်ပေးလိုက်တဲ့ ပထမဦးဆုံးဖြစ်စဉ်ပဲဖြစ်ပါတယ်။
မယ်စကြာဝဠာပြိုင်ပွဲကြီးရဲ့ ၂၀၁၂ ခုနှစ် မူဝါဒဖြစ်တဲ့ ပြုပြင်ပြောင်းလဲထားခြင်းမရှိဘဲ ပင်ကိုသဘာဝအတိုင်း လှပနေတဲ့ အမျိုးသမီးတွေကိုပဲ လက်ခံမယ်ဆိုတဲ့ မူဝါဒကိုလည်း ချိုးဖောက်လိုက်နိုင်တာဖြစ်ပါတယ်။
အရပ် ၅ ပေ ၉ လက်မရှိတဲ့ အသက် ၂၇ နှစ်အရွယ် လိင်ပြောင်းစပိန်အလှမယ် အန်ဂျလာပွန့်စ်ဟာ ၎င်းကဲ့သို့ လိင်အင်္ဂါပြောင်းလဲထားတဲ့ ကလေးငယ်တွေကို ကူညီပေးတဲ့ စပိန်အဖွဲ့အစည်းတစ်ခုမှာ ပါဝင်ကူညီလုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။
၆၇ ကြိမ်မြောက် မယ်စကြာဝဠာပြိုင်ပွဲကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတာဖြစ်ပြီး နိုင်ငံပေါင်း ၉၄ နိုင်ငံက အလှမယ်တွေ ပါဝင်ယှဉ်ပြိုင်လျက်ရှိတယ်လို့ သိရပါတယ်။