လေကြောင်းကနေတဆင့် ရောက်လာမယ့် အိန္ဒိယ ခရီးသွားတွေကို ဆိုက်ရောက်ဗီဇာ ထုတ်ပေးမည်

လေကြောင်းကနေတဆင့် ရောက်လာမယ့် အိန္ဒိယ ခရီးသွားတွေကို ဆိုက်ရောက်ဗီဇာ ထုတ်ပေးမည်
ဒီဇင်ဘာလ ၁၂ ရက်နေ့လည်ပိုင်းက အိန္ဒိယသမ္မတနှင့်ဇနီး ရန်ကုန်မြို့သို့ရောက်ရှိလာစဉ်။ ဓာတ်ပုံ - ဦးဖြိုးမင်းသိန်းဖေ့ဘွတ်ခ်

နှစ်နိုင်ငံ ပြည်သူများ အချင်းချင်းအကြား ဆက်ဆံရေး မြှင့်တင်နိုင်စေရန် ရည်ရွယ်၍ အိန္ဒိယခရီးသွားဧည့်သည်တွေအတွက် မြန်မာက ဆိုက်ရောက်ဗီဇာ ထုတ်ပေးသွားမှာဖြစ်ကြောင်း အိန္ဒိယသမ္မတ ရမ်နက်သ် ကိုဗင်က ပြောကြားခဲ့တယ်ဆိုပြီး NDTV သတင်းဌာနက ဖော်ပြပါတယ်။

အိန္ဒိယသမ္မတက တော့ မြန်မာနိုင်ငံကို ငါးရက်တာ ခရီးစဉ် ရောက်ရှိနေလျက် ရှိပါတယ်။

ယခု အိန္ဒိယသမ္မတရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ကတော့ 'Act East Policy' နဲ့ 'Neighbourhood First Policy' တို့အောက်မှာ မြန်မာနဲ့အကြား အဆင့်မြင့်လယ်ဗယ် ချိတ်ဆက် ဆက်ဆံမှုတွေကို ဆက်လက်ရှိစေရေး ရည်ရွယ်ပါတယ်။

" အိန္ဒိယသမ္မတရဲ့ ခု ခရီးစဉ်နဲ့ တိုက်ဆိုင်တဲ့ အချိန်အခိုက်မှာ နှစ်ဘက် ပြည်သူတွေအကြား ဆက်ဆံရေးမြှင့်တင်နိုင်ဖို့အတွက်ရည်ရွယ်ပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေး လေဆိပ်တွေကနေတဆင့် နိုင်ငံကို ဝင်ရောက်တဲ့ အိန္ဒိယခရီးသွားတွေကို ဆိုက်ရောက်ဗီဇာထုတ်ပေးမှာဖြစ်ကြောင်း မြန်မာက ကြေညာခဲ့ပါတယ်" ဆိုပြီး သမ္မတရုံးက တွစ်တာကနေတဆင့် ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာလှည့်ခရီးသွားများ ပိုမိုဝင်ရောက်လာရေးအတွက် မကြာသေးမီက တောင်ကိုရီးယား၊ ဂျပန်၊ ဟောင်ကောင်၊ မကာအိုနှင့် တရုတ်နိုင်ငံသားများကို ဗီဇာကင်းလွတ်ခွင့် ခွင့်ပြုခဲ့သည်။ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၃ ရက်အထိ စမ်းသပ်ကာလ ၁ နှစ်အဖြစ် ပြည်ဝင်ဗီဇာဆိုင်ရာ ဖြေလျော့မှုများ လုပ်ဆောင်ပေးနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required