မိန့်ဇ်အသင်းကို ဝ-၃ ဂိုးဖြင့် အနိုင်ရခဲ့သည့် ပွဲတွင် ဘိုင်ယန်မြူးနစ်အသင်း၏ တိုက်စစ်မှူး လီဝန်ဒေါစကီးသည် အနိုင်ဂိုး နှစ်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး ဘွန်ဒက်စ်လီဂါတွင် ဂိုး ၁၀၀ ပြည့်မြောက်သွားပြီဖြစ် သည်။
ဝုဖ်ဘတ်အသင်းအားအနိုင်ရခဲ့သည့်ပွဲတွင် စံချိန်တင် ငါးဂိုးသွင်းယူနိုင်ခဲ့သည့် လီဝန်ဒေါစကီးသည် ယခုပွဲတွင်လည်း ၎င်း၏ ဘွန်ဒက်စ်လီဂါ ဂိုး ၁၀၀ ပြည့်နှင့် ၁၀၁ ဂိုးမြောက်တို့ကို သွင်းယူခဲ့ခြင်းဖြစ် သည်။
ပိုလန်တိုက်စစ်မှူးသည် နောက်ဆုံးကစားခဲ့သည့် ၇ ပွဲတွင် ၁၀ ဂိုးအထိသွင်းယူပြီး ခြေစမ်းပြလျက်ရှိသည်။
ဘွန်ဒက်စ်လီဂါသွင်းဂိုး ၁၀၁ ဂိုးကို လီဝန်ဒေါစကီးသည် ဒေါ့တ်မွန်အသင်းတွင် ၇၄ ဂိုးသွင်းယူခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းတွင် ၂၇ ဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။ ယခုအချိန်တွင် ၎င်း၏ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ၌ ကလပ်အသင်းသွင်းဂိုးစုစုပေါင်း ၂၁၇ ဂိုး ရှိသွားပြီ ဖြစ်သည်။
ယခုဘွန်ဒက်စ်လီဂါတွင် ကစားလျက်ရှိနေသေးသည့် ကစားသမားများထဲတွင် လီဝန်ဒေါစကီးသည် သွင်းဂိုး ၁၀၀ ပြည့်မြောက်သည့် ဒုတိယမြောက်ကစားသမား ဖြစ်သည်။ ပထမကစားသမားမှာ လီဗာကူဆင်တိုက်စစ်မှူး ကစ်စလင်း ဖြစ်ပြီး ၁၃၈ ဂိုး သွင်းယူထားသည်။
ကစ်စလင်းနှင့် လီဝန်ဒေါစကီးတို့သည် လက်ရှိတွင် ဂိုးသွင်းအများဆုံးကစားသမားများဖြစ်ကြသောလည်း ဘွန်ဒက်စ်လီဂါ၏ သမိုင်းဝင် ထိပ်တန်းဂိုးသွင်းရှင်များဖြစ်လာရန်မူ ဂိုးပေါင်းများစွာ လိုအပ်လျက် ရှိနေသေးသည်။ လက်ရှိတွင် ဘွန်ဒက်စ်လီဂါ၏ သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားမှာ ဘိုင်ယန်မြူးနစ်၏ ဂန္ထဝင်တိုက်စစ်မှူးကြီး ဂတ်မူလာဖြစ်ပြီး ၃၆၅ ဂိုးသွင်းယူထားသည်။
Ref: Daily Mail