ကိဗ်၊ နိုဝင်ဘာ ၂၈ ။ ။ ယူကရိန်းသမ္မတ ပတ်ထရိုပိုရိုရှန်ကိုဟာ ရုရှားနဲ့ စစ်ရိပ်စစ်ငွေ့ မကင်းကြောင်း အင်္ဂါနေ့မှာ သတိပေးပြောဆိုလာပါတယ်။
ဆိုဗီယက်ပြည်ထောင်စုဟောင်း ရုရှားနဲ့ ယူကရိန်းနိုင်ငံတို့ကြား တင်းမာမှုတွေ အရှိန်မြင့်တက်နေချိန်မှာ ရုရှားဟာ နယ်စပ်တစ်လျှောက်မှာ စစ်ရေး တပ်ချမှုတွေ တိုးပြီးဆောင်ရွက်နေတယ်လို့လည်း သမ္မတ ပိုရိုရှန်ကိုက ဆိုပါတယ်။
“ခု အခြေအနေတွေကို ဘယ်သူမှ ခပ်ပေါ့ပေါ့ တွက်ဆတာမျိုး မဖြစ်စေချင်ဘူး။ ရုရှားနဲ့က ရာနှုန်းပြည့် စစ်ဖြစ်ဖို့ ခြိမ်းခြောက်နေတဲ့ အခြေအနေဖြစ်နေပြီ။”လို့ အမျိုးသားရုပ်သံနဲ့ အင်တာဗျူးရာမှာ ပိုရိုရှန်ကိုက ပြောခဲ့တာ ဖြစ်ပါတယ်။
ယူကရိန်း-ရုရှားနယ်စပ််တစ်လျှောက်မှာ ရုရှစစ်ယူနစ်အဖွဲ့တွေ တပ်ချမှု များပြားလာပြီး တင့်ကားအင်အားဟာလည်း သုံးဆပိုမိုလာကြောင််း ထောက်လှမ်းရေးအစီရင်ခံစာတွေကို ကိုးကားပြီး သမ္မတ ပိုရိုရှန်ကိုက ပြောခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ အစောပိုင်းက အဇော့ဗ်ပင်လယ်မှာ ယူကရိန်းရေတပ်သင်္ဘောနှစ်စီးနဲ့ ဆွဲသင်္ဘောတစ်စီးကို ရုရှက ပစ်ခတ်ပြီး ဖမ်းဆီးခဲ့ပါတယ်။ ဒီဖြစ်ရပ်နောက်ပိုင်း နှစ်နိုင်ငံကြား တင်းမာမှုက ပိုပြီး အရှိန်မြင့်တက်လာခဲ့ပါတယ်။
ယူကရိန်းဟာ နယ်စပ်ဒေသတွေတစ်လျှောက်မှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာကြောင့် ရုရှားက အန္တရာယ်ပြွန်းတဲ့ တု့ံပြန်မှုဆိုပြီး ပြောဆိုထားခဲ့ပါတယ်။